"ဟုတ်....ဟုတ်... :"( "

ဒီလိုနဲ့ ခဏအကြာ.....

အပေါ်ထပ်ကနေ ရုတ်တရက် Leon ပြေးဆင်းလာပြီး

"Mom ရေ Mom...Kristoff ဖုန်းခေါ်လို့ ကျတော်နဲ့
လမ်းထိပ်က ကော်ဖီဆိုင်မှာ တွေ့မယ်တဲ့... "

"အမ်....ဟုတ်လို့လား Leon "

"အော် ဟုတ်ပါတယ်ဆိုမှ..... "

"ငါတော့ မင်းကို မယုံပါဘူး....Kristoff က ဒီလောက်စာမေးပွဲနီးနေတာကို Kristoff အမေဆီ
ဖုန်းဆက်ကြည့်ဦးမယ်..:") "

"Mom ကလည်း.... :"( "

အချိန်အနည်းငယ်ခန့်အကြာ.....

"Mom... !!! ကျတော် ဘောပင်တွေအကုန် မှင်ကုန်နေလို့ ဘောပင်သွားဝယ်ရဦးမယ်... ပေတံရောပဲ... "

"အော်...ရတယ် နေ နေ... မသွားနဲ့... အမေလည်း ခဏနေရင် ကြက်ဥ သွားဝယ်ရမှာနဲ့ တစ်ခါထဲ ဝယ်လာခဲ့လိုက်မယ်... :") "

"ရပြီ... မဝယ်ပါနဲ့တော့.... :"( "

"အားးးးး! !!!!"

ကုတင်ပေါ် ဝုန်းခနဲ လှဲချလိုက်ပြီး Jake နဲ့ သွားတွေ့ဖို့နည်းလမ်းအား ဉာဏ်နီဉာဏ်နက်များထုတ်ကာ
စဥ်းစား နေတော့သည်

သူ့ diary အရဆိုရင် Jake တစ်ဦးတည်းကသာ သူလက်ရှိ ကြုံနေတဲ့ အရာတွေကို ဖြေရှင်းပေးနိုင်မယ့်သူ...
သူ့ရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ပြန်ဖော်ပေးနိုင်တဲ့သူလို့တော့ Leon ယုံကြည်ထားသည်

ထိုချိန်မှာပင်

{မင်းဘေးနားက ပြတင်းပေါက်ကို ကြည့်လိုက် ကလေး..}

ထို ထူးဆန်းသည့် အသံကြောင့် leon လည်း အခန်းပြတင်းပေါက်အားလှမ်းကြည့်လိုက်ရင်းကနေ
အကြံတစ်ခုရသွားမိသည်...

ထို့ကြောင့် လက်မနှေးနေဘဲ ကုတင်ပေါ်မှ ချက်ချင်းထကာ ထိုအကြံအစည်အား အကောင်ထည်ဖော်လိုက်လေတော့သည်

************************************
"အဖေသဘောပါပဲ.... ကြိုက်သလိုသာလုပ်ပါတော့.. "

အရင်ကဆို အဖေဖြစ်သူနှင့်ပင် စကားနိုင်ပြိုင်လုနေတတ်သော Jake ၏စကားကြောင့်
သူဌေးကြီး Thomas ကိုယိတိုင်ပင် မျက်လုံးပြူးသွားရသည်......

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now