(Unicode)
*********Leon လည်း ထိုကောင်လေးနား တဖြည်းဖြည်း ကပ်သွားလိုက်ပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်
"ဟေး! "
တစ်ဖက်က ဘာတစ်ခွန်းမှ ပြန်မပြောချေ
"ဟေး! ပထမဆုံးအနေနဲ့ တွေ့ရတာ ဝမ်းသာပါတယ်
ဒါနဲ့လေ အခု ငါ့စိတ်ထဲမှာ တစ်ခုခု မတင်မကျဖြစ်နေလို့ ဒီဟာက ငါ အိပ်မက်မက်နေတာမလား ""အဟက် ဟုတ်ချင်လည်းဟုတ်မှာပေါ့ "
ဟု ဆိုကာ ထိုင်နေရာက ထသွားပြီး တစ်နေရာသို့ တန်းတန်းမတ်မတ် လမ်းလျှောက်သွားသည်
"အား !!! မဟုတ်သေးဘူး leon ဒါက အိပ်မက်မက်နေတာ အဖိုးရဲ့ ထူးဆန်းတဲ့စာတွေဖတ်ပြီး
စိတ်ထဲစွဲနေတာ! ငါ ဒီအိပ်မက်ကနေ နိုးမှ ဖြစ်မယ်
အာ ငါ့ကိုယ်ငါ ဘယ်လိုနှိုးရပါ့မလဲ !
ဟိုတစ်ကောင်ကလည်း မြန်လိုက်တာဆိုတာ! သူ့ကို ကူညီခိုင်းမှပဲ ဖြစ်တော့မယ်ထင်တယ် "ပန်းပင်တွေဝေဝေဆါဆာစိုက်ပျိူးထားတဲ့ ရောင်စုံပန်းခင်းကြီးအလယ်၌ ကောင်လေးတစ်ယောက်
ပန်းပင်လေးများအား လက်ဖြင့်သပ်ကာ သီချင်းလေးညည်းနေလေသည်ထိုစဥ်
"ဟောဟဲ ဟောဟဲ "
အဝေးကြီး ပြေးလာရသဖြင့် မောဟိုက်နေသော လီယွန်အား
မော့ကြည့်လိုက်ပြီး"မင်း ဘာလို့ ငါ့နောက်လိုက်လာတာလဲ "
"ငါ့ကို သတ်ပေးပါ ! "
"ဟမ်! !!(နားမလည်နိုင်သော အကြည့်ဖြင့်) "
"ပြောနေတာ မကြားဘူးလား ငါ့ကို သတ်ပေးလို့
ငါ ဒီအိပ်မက်က နိုးထလာဖို့လိုတယ် ""Hkhk !! မင်းကို သတ်လိုက်တာနဲ့ အိပ်မက်က
နိုးလာမယ်လို့ ဘယ်သူပြောလို့တုန်း ""သာမန်အားဖြင့် အိပ်မက်တွေမှာက အထိတ်တလန့်ဖြစ်တဲ့
အချိန်တွေဆို လန့်နိုးလာတတ်ကြတယ်လေ
အဲ့တာကြောင့် တကယ်လို့ မင်းသာ ငါ့ကို သတ်ဖို့ကြိုးစားမယ်ဆိုရင် ငါ့ရဲ့ကြောက်စိတ်ကြောင့်
အိပ်မက်က နိုးလာနိုင်မလားလို့ ""Hkhk ! ! အဲ့တာဆိုရင်တော့ မင်း တခြားတစ်ယောက်ကို သွားရှာလိုက်တာ ပိုကောင်းလိမ့်မယ် "
YOU ARE READING
Drifting Into Silent Darkness S.1 (Completed)
Mystery / ThrillerSynopsis - Leonardo "Leon" Willkinson,an overthinking and free spirited boy unexpectedly found out his astral projection abilities which led him to encounter with a boy named Jacob "Jake" Kennedy,a distressed and pessimistic one .One day,they both g...