(Unicode)
*********
" ဟေး leon! မင်း အဆင်ပြေရဲ့လားဟ
မင်းကြည့်ရတာလည်း ဖြူဖတ်ဖြူရော့နဲ့ မျက်ကွင်းတွေလည်းညိုလို့
ညက တစ်ညလုံး မအိပ်ရသေးဘူးလား ""အေးကွာ ညက အိပ်မက်ဆိုးတွေမက်နေတာနဲ့ ကောင်းကောင်းမအိပ်ရသေးဘူး
ဒါနဲ့လေ christoff မင်း ဝိညာဥ်လွှင့်ခြင်း ဆိုတာကို
ယုံလား ! "" အမ် ဆိုင်းမဆင့် ဗုံမဆင့်ကြီးပါလား ဘာလို့မေးတာတုန်းဟ "
" ဒီလိုပါပဲ သိချင်တာလေး ရှိလို့ "
" အင်း ယုံတာရယ်လို့လည်း မဟုတ်ပါဘူး
ဒါပေမဲ့ တစ်ချိူ့အရာတွေက ငါတို့ ဦးနှောက်နဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ ရှိနေတတ်တယ်လေ
ဥပမာအားဖြင့် သဘာဝလွန်ဖြစ်ရပ်တွေပေါ့
သုတေသနပညာရှင်တွေလည်း ကြိုးစားပြီး အမှန်တရားကို ရှာဖွေနေကြပေမယ့် ဒီလိုကိစွတွေကို
တကယ် လုံးဝကြီး ရှိနေပါတယ်လို့လည်း သက်သေမပြနိုင်သေးတော့ အခုထိ ဖြေရှင်းမရတဲ့
ပဟေဠိ တွေအဖြစ် ကျန်ရှိနေကြတာပေါ့
အဲ့ထဲမှာ မင်းပြောတဲ့ ဝိညာဥ်လွှင့်ခြင်းကလည်း တစ်ခုအပါအဝင်ပဲ "" အော်........... ok ကျေးဇူးပါပဲ christoff "
"အချိန်မရွေးပါပဲကွာ! "
ကျောင်းခန်းထဲမှာလည်း ဆရာမစာသင်နေပေမယ့်
Leon ရဲ့ စိတ်ကတော့ တခြားနေရာသို့ရောက်နေလေသည်သူမြင်ဖူးခဲ့သမျှ တခြားသူတွေနဲ့ လုံးဝမတူတဲ့ အဲ့ဒီ မှော်ဝင်တဲ့ အကြည့်တွေ
စကားပြောရင် တစ်ဖက်သူကို ရွဲ့သလိုလို စောင်းသလိုလိုနဲ့
မထီမဲ့မြင် ပြောတတ်တဲ့ သူ့ရဲ့ စကားသံလေးတွေ
ပိုးသားလေးအတိုင်းနီးပါး နူးညံ့သိမ်မွေ့လှတဲ့ သူ့ရဲ့ ပန်းနုရောင်သန်းနေတဲ့ လက်ကလေးတွေ"အိပ်မက်တစ်ခုဆိုပေမယ့် မင်းနဲ့ တကယ်ကို ပြန်ဆုံတွေ့ချင်သေးတယ် ကောင်လေးရေ "
"Mr.Willkinson
Mr.Willkinsonnnn! !!!!"ဆရာမရဲ့ အသံကြောင့် leon ၏ အတွေးစများပင် ရပ်တန့်သွားရသည်
" ဗျာ! ကျတော့်ကို ခေါ်လိုက်တာလား ဆရာမ "
"အေး စာသင်ချိန်မှာ ပြတင်းပေါက်ကို ငေးပြီး ဘာတွေ
တွေးနေတာတုန်း Mr.Willkinson "
YOU ARE READING
Drifting Into Silent Darkness S.1 (Completed)
Mystery / ThrillerSynopsis - Leonardo "Leon" Willkinson,an overthinking and free spirited boy unexpectedly found out his astral projection abilities which led him to encounter with a boy named Jacob "Jake" Kennedy,a distressed and pessimistic one .One day,they both g...