Chapter 2

328 33 10
                                    

(Unicode)

"အိမ်ပြန်ရောက်ပါပြီ "

လော့ချထားသော တံခါးလက်ကိုင်ဘုလေးကို လှည့်ကာ
တံခါးကို တွန်းဖွင့်ရင်း ပြောလိုက်သည်

" ဟင် အိမ်က လူတွေ ဘယ်ရောက်နေကြတာပါလိမ့်
Mom Dad Rachel !!!!
အာ မဖြစ်သေးပါဘူး ဖုန်းဆက်ကြည့်ဦးမှပါပဲ "

တီ တီ တီ တီ !!!

" Hello "

" Hello mom လား "

" အို့ leon သား ပြန်ရောက်နေပြီလား !!"

"အင်းးးးး (ပျင်းတိပျင်းရွဲလေသံဖြင့်)
အမေတို့ ဘယ်သွားနေကြတာလဲ အိမ်မှာလည်း ဘယ်သူမှ မရှိဘူး "

ဖုန်းပြောနေရင်းမှ လွယ်အိတ်ကို ပစ်ချလိုက်​ပြီး TV အနားရှိ ဆိုဖာပေါ်တွင် ပစ်လှဲလိုက်သည်

" အင်း ဟုတ်တယ် အမေနဲ့ သားညီမလေးတို့ ဒီအနီးအနားက
City mart မှာ စျေးဝယ်ထွက်နေရင်း အမေ့သူငယ်ချင်းတစ်ယောက်နဲ့ တွေ့လို့ စကားပြောနေတာ
အချိန်တွေက အဲ့လောက်ကြာသွားမှန်းတောင်မသိလိုက်ဘူး သားရဲ့
အမေတို့ အခုချက်ချင်း ပြန်လာခဲ့မယ်နော် ခဏ စောင့်နေဦး "

"အင်းပါ ဟုတ်ပါပြီ သားအတွက် hawaiian pizza ဝယ်ခဲ့ဖို့ မမေ့နဲ့ဦး "

" ok ok leon ဒါဆို ဒါပဲနော် ဖုန်းချလိုက်တော့မယ် "

(ဖုန်းချသံ)

ဖုန်းကို စားပွဲပေါ် လှမ်းပစ်တင်လိုက်ကာ အနားရှိ remote နဲ့ TV ကို ဖွင့်ကြည့်လိုက်သည် ထို့နောက် တစ်နေ့ကုန် ပင်ပန်းနေသောကြောင့် မျက်ခွံများက လေးလာပြီး တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်

************************************
San Francisco
7:00 PM (Night)

နန်းတော်ကြီးတစ်ခုအလား ခမ်းနားကြီးကျယ်လှသော Zenith ကုမွဏီပိုင် စံအိမ်ကြီးအတွင်း၌

" သခင်ကြီး သခင်လေး jake ကို ပြန်ခေါ်လာခဲ့ပါပြီ "

စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှူနေရင်းမှ မျက်မှန်ကို လက်နှင့် ပင့်တင်လိုက်ကာ ထိုလူကို ကြည့်လိုက်သည်

"အင်း သူ့ကို ငါ့အခန်းထဲ လာခဲ့ လို့ပြောလိုက် "

"ဟုတ်ကဲ့ အမိန့်အတိုင်းပါ သခင်ကြီး "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now