Chapter 9

130 20 3
                                    

(Unicode)
*********

ဒီလိုနဲ့ပဲ အချိန်တွေကြာလာတာနဲ့အမျှ leon နဲ့ jake လည်း တဖြည်းဖြည်းနဲ့ ပိုခင်တွယ်လာခဲ့တယ်

Astral plane ထဲမှာ နာမည်ကြီး စားသောက်ဆိုင်တွေ
အရမ်းလှပပြီး ခမ်းနားတဲ့ နေရာတွေ စိတ်ကူးယဥ်ဆန်တဲ့
နေရာတွေ စသဖြင့် နေရာအစုံကိုလည်း နှစ်​ ယောက်အတူ လျှောက်လည်ပတ်ခဲ့ကြတယ်

ကစားကွင်းတွေ ပန်းခြံတွေကို သွားပြီးလည်း ပျော်စရာကောင်းတဲ့အရာတွေလုပ်ခဲ့ကြတယ်

ဒီနေ့နဲ့ဆို သူတို့နှစ်ယောက် စတွေ့ခဲ့တာ တစ်လတိတိ ရှိခဲ့ပါပြီ

ထူးဆန်းတာက leon အတွက်တော့ jake က ဘယ်သူနဲ့မှ မတူတဲ့ သူငယ်ချင်းကောင်းတစ်ယောက်လိုပဲ

အမှန်ဆို leon နဲ့ christoff က ဟိုးငယ်စဥ်တောင်ကျေး
ကလေးဘဝထဲက သိကျွမ်းလာခဲ့ကြပေမယ့် ဘာလို့မှန်းမသိ
Leon ရဲ့ စိတ်ထဲမှာ jake ကိုပဲ ပိုခင်တွယ်နေမိတယ်

စားလည်း jake! အိပ်လည်း jake! သွားလည်း jake!  စာလုပ်လည်း jake!
နဲ့ သူ့ရဲ့ အရာရာတိုင်းမှာလည်း jake ရဲ့ ပုံရိပ်တွေကပဲ စိုးမိုးထားတယ်

တစ်ခါတစ်လေတော့လည်း ဘယ်တော့မှ နိုးထမချင်လောက်တော့အောင်ကို jake နဲ့ သူ astral plane ထဲမှာ ရှိနေချင်လိုက်တာ လို့တောင်
အတွေးတွေဝင်လာမိတယ်
မဖြစ်သင့်ဘူး ဆိုတာ သိနေပေမယ့်လည်းပေါ့

အခုဆို တဖြေးဖြေးနဲ့ နှစ်ဝက် စာမေးပွဲကြီးကလည်း တော်တော်ကို နီးကပ်လာပါပြီ
Leon ကတော့ အခုထိ jake ရောဂါနဲ့ စာလုပ်ဖို့ စိတ်မပါသေး!

ဒီလိုနဲ့ တစ်နေ့

"Hey jake!
နောက်နှစ်ပတ်လောက်ဆို နှစ်ဝက်စာမေးပွဲ ဖြေရတော့မှာ
ဆိုတော့ ငါတို့ ဒီလို လုပ်တာတွေကို ခဏလောက် ရပ်ထားရမယ်ထင်တယ် "

"အင်း....
ငါလည်း အစက အဲ့တာပြောမလို့ပဲ......
အခုရက်ပိုင်း မင်းနဲ့တွေ့ပြီး အပျော်တွေများနေတာနဲ့
စာကို သေချာအာရုံမစိုက်နိုင်ဖြစ်နေတော့ အခုကစပြီး
စာသေချာ​ပြန်လုပ်မှ ဖြစ်တော့မယ် "

"အင်း.....ကောင်းပါတယ်
ဒါနဲ့လေ jake! "

"အင်း......ဘာပြောမလို့လဲ ပြောလေ "

Drifting Into Silent Darkness S.1 (Completed)Donde viven las historias. Descúbrelo ahora