Peraya As One (U+Z)

Start from the beginning
                                    


နမ်းလို့ အားရတော့ အသက်ကို ခပ်ဖြည်းဖြည်းရှူရင်း သူ့ကို ဖက်လာပြန်သည်။ "ကျေးဇူးပါ P..." လို့ ခပ်တိုးတိုး ဆိုလာတော့ Sing စိတ်တွေ ပျော်လွန်းလာသည်ဟု ထင်မိသည်။ ခုလို တူတူရှိခဲ့ကြတာ ကြာလာသည်နှင့်အမျှ တစ်ယောက်ပီတိကို တစ်ယောက် နားလည်ဝေမျှနိုင်လာသည်ပင်။


"Owi... စင်ပေါ်တက်လည်း ဖက်၊ စင်ပေါ်မှာလည်း ဖက်တာတောင် အားမရသေးဘူးလား N'Kit..."P'Wave က အဝတ်လဲပြီး ပြန်ထွက်လာစဉ် သူတို့နှစ်ဦးဖက်ထားတာကို မြင်ပြီး ပြောလာတော့ Kit က မဖယ်ချင် ဖယ်ချင်နဲ့ ဖယ်လိုက်သည်။ ခေါင်းလေးကတော့ အသာစောင်းပြီး Sing ပခုံးပေါ်မီထားရှာသည်။ တကယ့်ကို အချွဲကောင်လေး..။


P'Wave နဲ့ စကားတွေ ပြောပြီးသွားတော့ IG တင်ဖို့ ဓာတ်ပုံတူတူရိုက်ကြသေးသည်။ ပြီးတော့ အင်္ကျီလဲခန်းဝင်ကာ အင်္ကျီများလဲရန် ပြင်ကြသည်။ Sing အင်္ကျီချွတ်နေစဉ် အနောက်က လာသိုင်းဖက်သော လက်ဖောင်းဖောင် ဖြူဖြူလေးများ...။


"ဘယ်လိုဖြစ်နေတာလဲ Kit... Kit တစ်ခုခုဖြစ်နေတယ်မလား"


"ပျော်နေတာပါ... P ရ"


အဲ့ကလေးလေးဟာ တကယ့်ကို စိုးရိမ်ချင်စရာလေး။ ပျော်နေသည်ပြောကာ မျက်ရည်တွေ ကျနေသည်မလား။ ဖက်ထားတာဖြုတ်ပြီး သူ့ဘက်လှည့်မလို့လုပ်တာကို ပိုတိုးဖက်ပြီး ကျောနောက်မျက်နှာအပ်ကာ ရှိုက်ငိုလာတော့ သူလည်း မျက်ရည်ကျမိသည်။ ဒီနေရာမှာ သူရယ် Kit ရယ်ပဲ ရှိတာမို့ မျက်ရည်တွေကို တကူးတကထိန်းထားစရာမလိုဘူးထင်သည်။


"လွမ်းတယ် P... အရင်က ရက်တွေကို လွမ်းတယ်။ ကျွန်တော်တို့ ဒီထိတောင် ခရီးရောက်ခဲ့ကြပြီလို့ တွေးမိတိုင်းမှာ နောက်ထပ်ဘယ်လောက်ထိ ကျွန်တော်တို့ ဆက်သွားရမလဲဆိုတာကိုလည်း ခေါင်းထဲ တွေးတွေးမိသွားတယ်။P သိလား... Peraya တွေကို တွေ့တိုင်းမှာလည်း သူတို့ရော ကျွန်တော်တို့နဲ့ ဘယ်လောက်ကြာကြာ ဆက်ရှိပေးဦးမလဲဆိုတာ တွေးမိနေတယ်။ ဒီရက်ပိုင်း တစ်ယောက်တည်းနေရတဲ့အချိန်တွေမှာ အရင်က အကြောင်းတွေကို ပိုပိုတွေးမိနေတာ...။ ဒီလောက်အဆင်ပြေနေတာကိုတောင် အဆိုးဘက်ကို တကူးတက တွေးတတ်နေတဲ့ Kit က ရူးနေတာလားမသိဘူးနော်။"

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now