အပိုင္​း - ၇ (z+u)

4K 313 27
                                    

အပိုင်း - ၇ (U)


SinGto's POV


P'Jane ရဲ့ကားရောက်တာနဲ့ တိုက်ပေါ်ကနေအမြန်ပြေးဆင်းလာလိုက်သည်။ ခါတိုင်းဆို အိမ်သာတက်ဘာညာနဲ့ အီလေးဆွဲနေတတ်သော ကျွန်တော်က အခု အလောသုံးဆယ်ဆင်းလာလို့ P'Jane တောင် အံ့သြနေသည်။ လမ်းဘေးတစ်နေရာမှာ KFC ဆိုင်တွေ့လို့ P'Jane ကို ကားခဏရပ်ခိုင်းပြီး ဆင်းဝယ်လိုက်သည်။ ပြီးတော့ ရေခဲမုန့်ပါ ဝယ်လိုက်သည်။


"SinGto ပါလား... လက်မှတ်လေးထိုးပေးပါလား"ဆိုပြီး ကောင်တာက ကောင်မလေးက တောင်းဆိုသဖြင့် ဘေလ်စာရွက်မှာ သေချာလက်မှတ်ထိုးပေးခဲ့သည်။ ပြီးတာနဲ့ ကားဆီတစ်ရှိန်ထိုးပြန်ပြေးလာကလို့ မောနေသည်။ ပြန်မပြေးရင် ပရိသတ်တွေ အုံလာတော့မည်မဟုတ်လား။


"အဲ့လောက်ကြက်ကြော်အများကြီးကို မင်းစားနိုင်လို့လား""ကိစ္စရှိလို့ပါ P ရယ်..."


P'Jane မေးတာကို မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေလို့ P ဆီကနေ မျက်စောင်းတစ်ချက် ရလိုက်သေးသည်။ ပြီးတော့ ဟိုလိပ်ကလေးရဲ့ မျက်စောင်းလှလှလေးတွေကိုလည်း သတိရသွားသည်။ "Never say hide" by Dermatix ပွဲမှာတုန်းက ဘေးက P နဲ့ ကျွန်တော်နဲ့ တစ်ချိန်လုံး စကားပြောနေလို့ သူ့မျက်စောင်းတွေကို အကြိမ်ကြိမ်ရခဲ့သည်။ သူ့ကိုယ်သူ ပေါ်လော်နေမှန်းတောင်မသိလောက်အောင် ကျွန်တော့်ကို မဲ့ရွဲ့စူပုပ်ပြနေတာ။ ပရိသတ်ကြားထဲတောင် #pink_nipples ဆိုပြီး နာမည်ကြီးသွားသေးသည်။ရုံးအောက်က ကားပါကင်ရောက်တော့ ကားပေါ်ကနေဆင်းပြီး ရုံးထဲကို အပြေးသွားချင်ပေမယ့် P က ကားပါကင်ထိုးနေလို့ P'Jane ကို ဓာတ်လှေကားနားမှာစောင့်နေရသေးသည်။ ဓာတ်လှေကားပွင့်သွားတာနဲ့ ရုံးထဲဝင်ပြီး သူ့ကို နေရာအနှံ့ရှာသည်။


"P'Godji... Kit ရောက်ပြီလား။"


"ခုနကတော့ ATP နဲ့ ဟိုဘက်ကို ထွက်သွားကြတာပဲ။ ATP နဲ့ ငါနဲ့စကားပြောနေတာကို Kit က ဆွဲခေါ်သွားတာ။ သူတို့ချင်း ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ဘာတွေကြံနေတယ်မသိဘူး..."

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now