Part - 6 (z+u)

3.9K 338 24
                                    

အပိုင်း - ၆ (u)

Krist's POV

P'Sing ကို စိတ်တိုလို့ သူပြောတဲ့စကားအပေါ်မှာ ဝမ်းနည်းလွန်းလို့ ကျွန်တော် မအိပ်နိုင်ဖြစ်နေသည်။ ဒီလောက်ပိုက်ဆံလေးနဲ့ သူက ဘာလို့ ပြဿနာရှာနေမှန်း ကျွန်တော် နားမလည်နိုင်ဖြစ်ရသည်။ ကျွန်တော်က ပိုက်ဆံပေါနေလို့ သူ့ကို အဲ့လိုတွေ အလိုက်တသိ ပေးဆပ်နေတာမှ မဟုတ်တာ။ ကျွန်တော့်ကို သူ့ရဲ့အချစ်ဆုံးညီလေးအဖြစ် အသိအမှတ်ပြုစေချင်လို့ ကျွန်တော် တတ်နိုင်သလောက် P အတွက် လုပ်ပေးနေတာလေ။ P က သူများတွေကိုဆို နားလည်ပေးသလောက် ကျွန်တော့်ကိုဆို အမြဲငြို ငြင်သည်။

P ရဲ့အခန်းကို ကျွန်တော်လာလည်မယ် ပြောတဲ့အခါတိုင်း လာရှုပ်မလို့လားဆိုပြီး ပြောတတ်သလို Earphone ပျောက်သွားလို့ပြောတုန်းကလည်း "နည်းတောင်နည်းသေးတယ်"လို့တောင် ကောင်းချီးပေးခဲ့သေးသည်။ ဒါပေမယ့် ဒါက သူ ကရုဏာဒေါသောနဲ့ ပြောတယ်လို့ပဲ ကျွန်တော် နားလည်လိုက်သည်။ ကျွန်တော်တို့က တစ်ကျောင်းတည်းကလည်းဖြစ်၊ အရင်ကတည်းက ရင်းနှီးနေတာလည်းဖြစ်လို့ သူ့ကိုပဲ ကျွန်တော်က သံယောဇဉ်တွယ်ခဲ့မိသည်။ P က လူကြီးဆန်ပြီး ဂရုစိုက်ပေးတတ်သည်။ သူ့စကားကို နားထောင်စေချင်သည်။ ကြုံရင်ကြုံသလိုဆုံးမတတ်သည်။ ဒါပေမယ့် ကျွန်တော့်က P ကို စချင်လို့ နားမထောင်ချင်ယောင်ဆောင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ P ကြောင့် ကျွန်တော် အများကြီးပြောင်းလဲသွားသည်။ ဒါကို ကျွန်တော်နဲ့ ခင်တဲ့လူတိုင်းသိပါသည်။ အဲဒီ့လူကြီးသာ မသိတာ...။ ကျွန်တော်ကလည်း ကျွန်တော်ပဲ ... သူ့ရှေ့ကျရင် သူ့စကားကို နားမထောင်ချင်ယောင်ဆောင်ခဲ့မိသည်။ ဒါကလည်း သူ ကျွန်တော့်ကို အမြဲတမ်းဂရုစိုက်နေစေချင်လို့ ကျွန်တော့်ဘက်က ကြိုစားယူနေတဲ့အရာတွေသာ။

P ကိုသာ ပြောနေတာ... Prae လည်း တူတူပဲ။ သူ့ကို ကျွန်တော့်အပေါ်နားလည်မှု အပေးနိုင်ဆုံး ချစ်သူလို့ ထင်ထားခဲ့ပေမယ့် သူလည်း ကျွန်တော့်ကို ထားသွားခဲ့တာပဲ မဟုတ်လား။

^Flashback^

ဒီနေ့ Fan meeting အတွက် စီစဉ်စရာတွေရှိလို့ ကျွန်တော်တို့တွေ အလုပ်ရှုပ်နေကြသည်။ လက်မှတ်ထိုးတာတွေရော... gear တွေရောင်းဖို့နဲ့ Shirt order တွေ တက်လာလို့ မန်နေဂျာတွေနဲ့ ကျွန်တော်တို့ တိုင်ပင်နေကြရတာပင်။ အလုပ်တွေရှုပ်နေပေမယ့် ဒီဘဝကို ကျွန်တော်ရွေးချယ်ထားတာမို့လို့ ပျော်သည်။ ပရိသတ်တွေဆီက အားပေးစကားတွေကိုလည်း ပီတိဖြစ်မိသည်။ ကျွန်တော်ကြိုးစားရကျိုးနပ်လောက်အောင်လည်း ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာကို ပြန်ရခဲ့သည်။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now