" ကျေးဇူးပါ ဒေါက်တာ..."

ကိုရဲကျော်စွာ ကျေးဇူးတင်စကားပြောလိုက်တော့
ဒေါက်တာက ခေါင်းညိတ်ပြကာ ဝိုင်တို့အနားမှ ထွက်သွားလေသည်။ကိုရဲကျော်စွာက သက်ပြင်းချကာ ခုံတစ်လုံးကိုလှမ်းဆွဲရင်း... ဒေါ်လေးမှုံအနားယူနေသည့် ကုတင်ဘေးတွင်ထိုင်လိုက်သည်။
ဝိုင်ကတော့ မတ်တပ်ပဲရပ်နေလိုက်သည်။ဘာကြောင့် ဝိုင်တို့ဒီလိုအဖြစ်ဆိုးကြီးနှင့်ကြုံခဲ့ရလဲ ဝိုင်လည်းသိချင်သည်။

ဒေါ်လေးမှုံကစကားမပြော။သူမပုံစံက အလွန်အမင်း စိတ်ထိခိုက်ကာ ငိုထားသည်မို့ မျက်လုံးတွေမှို့အစ်နေသည်။ရဲကျော်စွာသည် ဘယ်ကနေဘယ်လို စမေးရမလဲ မသိဖြစ်သွားခဲ့သည်။သူက
ရန်ကုန်ကဖြစ်သည်။ရန်ကုန်မြို့ ရဲစခန်းတွင် လူပျောက်တိုင်သူတွေများလာသည်။အထက်ကအမိန့်ပေးလို့ သူ အမှုကိုစစ်ဆေးကြည့်တော့ပျောက်ဆုံးသွားရသည့် အကြောင်းအရင်းက ခရီးထွက်ပြီး အိမ်ကိုပြန်မလာကြသည်ကများနေသည်။တရားခံကိုရှာဖို့ရာအတွက် သဲလွန်စကမရှိပေ။

အဲ့ဒီ့အချိန်မှာ ဒီမြို့ရဲစခန်းမှူး သူ့သူငယ်ချင်းဆီမှ အမှုအကြောင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသည့် သူ့နားထဲရောက်ရှိလာသည်။ဒီမြို့နားကရွာလေးတွင် အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသူများ
လာသည်ဟု သူ့သူငယ်ချင်းကဆိုသည်။ထိုအက်ဆီးဒင့်ကလဲ ထူးဆန်းစွာတောင်စောင်းအောက်ချောက်နက်ထဲပြုတ်ကျပြီး မီးလောင်သေဆုံးမှုပင်ဖြစ်သည်။ထိုသို့သေဆုံးသွားသော သူတွေသည် ရန်ကုန်တွင် လူပျောက်တိုင်ထားခံရသည့်သူတွေဖြစ်လေသည်။သို့သော် ကားကချောက်နက်ထဲကျပြီးမီးလောင်ပေါက်ကွဲသဖြင့် အလောင်းတွေကအစရှာမတွေ့ခဲ့ပေ။အမှုက အက်ဆီးဒင့်ဖြစ်လို့သေသွားခဲ့သည်ဆိုသည့် အကြောင်းအရာနှင့် ပိတ်သွား
သော်လဲ လူပျောက်တိုင်လိုက်တိုင်း ဖြစ်စဉ်ကတူနေ
သဖြင့် သူသိပ်မသင်္ကာချင်တော့ပေ။

ထို့ကြောင့်
ဒီရွာထဲတွင် သူနှင့် တပည့်နှစ်ယောက်တိတ်တဆိတ်လာနေကြကာ အခြေအနေကို စုံစမ်းနေကြခြင်း
ဖြစ်သည်။အဲ့ဒီ့မှာ တိမ်လွှာဆိုသည့် ကျောက်သူဌေး
ဟုအများသိကြသည့် သူက ရဲကျော်စွာ မျက်လုံးထဲ
တွင် ကိုးလို့ကန့်လန့်ဝင်လာခဲ့သည်။အရပ်သားအနေနှင့် ဟန်ဆောင်ကာ စောင့်ကြည့်နေတော့ ဝိုင်တို့
အုပ်စု လာလည်တာကို တွေ့လိုက်ရခြင်းဖြစ်သည်။

I Can Hear Your Voice (Completed)Where stories live. Discover now