💙15💙(Uni)

396 19 0
                                    

"ဖြေးဖြေးလာ Kyung.....ချော်လဲနေမယ်..."

သူ့ကိုစိုးရိမ်စွာ လှမ်းပြောနေတဲ့ ချစ်ရသောသူကိုကြည့်ပြီး သူပြုံးမိပြလိုက်မိတယ်.......

အရင်လို အေးစက်စက်နဲ့ အပြုံးအရယ်မရှိတဲ့ Kaiအဖြစ်ကနေ
တခြားသူတွေပေါ် နူးနူးညံညံပြုံးပြတတ်တဲ့ Jonginပြန်ရောက်လာခဲ့ပြီ

အတိတ်က ဝမ်းနည်းမှုတွေ စိတ်ညစ်မှုတွေကို
ရင်ဖွင့်ခဲ့ပြီးကတည်းက ခုလို ပြုံးပြုံးရွှင်ရွှင်လေးဖြစ်လာခဲ့ပြီ

ကျွန်တော့် ချစ်ရတဲ့ တစ်ဦးတည်းသောသူက ပြုံးနေရင် သိပ်လှတာ...

ခင်ဗျားသိလား....ကျွန်တော် အရင်ကဆို ခင်ဗျားကို ငေးမယ်
ပြုံးပြမယ် စိတ်ဆိုးရင် အော်ပစ်ချင် အော်ပစ်မယ်
ချစ်တယ်ဆိုတာကိုလည်း မနားတမ်းပြောခဲ့တယ် မဟုတ်လား..

ခုတော့ တစ်ယောက်ကိုပဲချစ်တယ်ဆိုတဲ့အတိုင်း....
ကျွန်တော် ခင်ဗျားကြီးကိုပဲ ချစ်တာ...

အမြဲတမ်း ထာဝရ စွဲစွဲလန်းလန်း ခင်ဗျားတစ်ယောက်တည်းကို ချစ်မှာ...

ချစ်တယ်...ခင်ဗျားရယ်......

"ဖြေးဖြေးလာလို့ ပြောတာကို ကိုယ့်ကို ငေးနေတယ်ပေါ့....
ကိုယ်က ချောလို့လား ဟမ်!!"

သူရှေ့မှာ....ကိုယ့်ကိုငေးပြီး ပြုံးကြည့်နေတဲ့ကောင်လေးလို
ချစ်သူမျိုးကို ပိုင်ဆိုင်ခွင့်ရတာ အတိုင်းမသိ ပျော်ရွှင်ကျေနပ်မိပါဘိ

ရင်ထဲမှာ သိုဝှက်ထားတဲ့ အစိုင်အခဲတွေကို ပြောပြပြီးတဲ့နေတည်းက
သူအရင်လို လန်းဆန်းတတ်ကြွနေခဲ့တာ....

အရင်လို အတိတ်ကို စိတ်မညစ်နေတော့ပဲ....
ခု..ကောင်လေးနဲ့တူတူနေမယ်...တူတူပျော်ပါးမယ်..
တူတူချစ်စကားပြောမယ်...နမ်းချင်တဲ့ချိန်တိုင်းလည်းနမ်းမယ်..
ဖက်ချင်နေတဲ့အချိန်တိုင်းလည်းဖက်မယ်....

အရာရာကို..ကောင်လေးနဲ့အတူတူဖြတ်သန်းတော့မှာမို့.....
ကောင်လေးသာ ကိုယ်ဘေးနားရှိရင် အရာရာပြည့်စုံပါပြီ...

ချစ်တယ်...ကောင်လေး~~~~~

"အင်း..ချောတယ်လေ ကျွန်တော့်Jonginက ချောတဲ့ စိတ်ပုတ်ကြီးဆိုတာ
လူတကာသိတယ်လေ...ဟုတ်တယ်မလား.. စိတ်ပုတ်ကြီး"

💙အပြာ​ရောင်​နွေဦး💙 {Completed }Where stories live. Discover now