Dika Day Special Part

1.4K 140 21
                                    

နေ့တစ်နေ့ရဲ့အလှဟာ....နေရောင်ခြည်စတင်ထွက်ပေါ်လာမှဖြစ်သလို...
နေရာအနှံ့အလှတရားကိုမြင်တွေ့နိုင်ဖို့က...နေရောင်ခြည်ဖျာထွက်လာမှုကြောင့်ဆိုတာမလွဲဧကန်ပင်....

ထိုအလှတရားတွေထက်....ဘေးကသူချစ်ရတဲ့ ကောင်လေးရဲ့အလှတရားကိုတော့ ဘယ်အရာမှ မမှီနိုင်တာ...
အရှင်းဆုံးပြောရရင်....ဘယ်အရာနဲ့မှကို နှိုင်းယှဉ်လို့မရသည်အထိ~~

သူ့အသက်လောက်ချစ်ရတဲ့ကောင်လေးကို...သူတကယ်ပင်မြတ်မြတ်နိုးနိုးတွယ်တာမိတာထက်..အပျောက်မခံနိုင်လောက်သည်အထိကိုသူချစ်လွန်းပါသည်...

ဒီနေ့လိုမျိုး....January 13ဆိုတဲ့နေ့ထူးရက်မြတ်လေးသည်...
သူတို့နှစ်ယောက်ရဲ့ ချစ်သူစဖြစ်တဲ့နေ့လေးပင်ဖြစ်သည်....

ခုဆို....နှစ်ယောက်သားလက်တွဲခဲ့တာ သုံးနှစ်တာပြည့်ခဲ့ပြီဖြစ်သည်...
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့ပေမဲ့လည်း....
အချစ်တွေကတော့လျော့သွားခြင်းမရှိဘဲ..ပိုလို့ပင်တိုးလာခဲ့သည်...

💓တခြားသူတွေထက်..မြတ်မြတိနိုးနိုးချစ်တယ်💓
💓ဘယ်သူတွေနဲ့မှ မမှီအောင်ချစ်တယ်💓
💓ကောင်လေးဆိုတဲ့ ဖြစ်တည်လာမှုကိုပိုချစ်တယ်💓
💓ကောင်လေး ကိုယ်မင်းကို အရမ်းချစ်တယ် 💓

"ကျွန်တော်က အဲ့လောက်ထိ ချစ်ဖို့ကောင်းနေလို့လား jongin"

အတွေးတွေပုံဖော်နေတုန်း....အသံပြုလာတဲ့ချစ်ရသူ....

"အင်း..အရမ်းအရမ်းကို ချစ်ဖို့ကောင်းနေတာ.."

ပိုရန်ဆိုကော...အကြည့်နဲ့ကြည့်နေတဲ့ကောင်လေးရဲ့နဖူးကို အမြတ်တနိုးနမ်းရှိုက်မိတော့....

"ခင်ဗျားကြီးက...ချစ်ဖို့ကောင်းလိုက်တာ "တဲ့လေ...အမျိုးမျိုးကိုခြွေယူနေတော့တာပဲ...

"ထတော့လေ...ကောင်လေး..မနက်စာစားကြမယ်လေကွာ.."

တစ်ကိုယ်လုံး စောင်ခြုံပြီးပျောက်နေတဲ့ ကောင်လေးရဲ့ကိုယ်လုံးအိအိလေးကိုအတင်းဖက်ပြီး...မျက်နှာအနှံအနမ်းပေးမိတော့....

"ဟာ...ဟာ...အဖိုးကြီးရဲ့ ဘာလို့လိုက်နမ်းနေတာလဲ!!"

သဘောမကျတာလည်းမဟုတ်ဘူး...ပြုံးပြီးပြောနေတဲ့ကောင်လေးဟာ..
သူ့အတွက်တော့...ဘယ်အရာမှ မလဲလှယ်နိုင်တဲ့ အဖိုးတန်ရတနာလေး~

💙အပြာ​ရောင်​နွေဦး💙 {Completed }Where stories live. Discover now