💙3💙(Uni)

587 39 0
                                    

Kim Jonginဆိုတဲ့လူကြီးမှန်းသိ​ပေမဲ့လည်း...
သူက..ကိုယ့်​ကိုတစိမ်းဆန်​သွား​တော့..ရင်​ထဲမှာဟာတာကြီးရယ်​..

*ခင်​ဗျားရယ်​...ဘာဖြစ်​လို့ကျွန်​တော့်​ကို..တစိမ်းလိုဆက်​ဆံတာလည်းသိချင်​ပါရဲ့....ဒါ​ပေမဲ့..ခင်​ဗျားနဲ့..ကျွန်​တော်​ကတစ်​ရက်​တည်း​တွေးဘူးတဲ့သူ​တွေဆို​တော့..အင်း..တစိမ်းလို့​ပြောလို့ရတာ​ပေါ့ *

အသက်​မပါ​သော​ခြေလှမ်း​တွေနဲ့သာ..အိမ်​ပြန်​လာခဲ့လိုက်​တော့တယ်​..
​မြေ​အောက်​ဘူတာက​နေ..ရထားစီးပြန်​နေကြဆို​တော့...
ဒီအချိန်​ကျောင်းဆင်းချိန်​ဆို​တော့..လူများတာမဆန်းပေ...
အိမ်​ကလာကြိုမယ်​ပြော​ပေမယ့်​...
တစ်​ယောက်​တည်း..ရထားစီပြန်​ရတာကို..ပိုလို့ပင်​သ​ဘောကျ​တတ်​တာမို့....

အရင်​နေ့​တွေကနဲ့မတူ..ဒီ​နေ့လူပိုကျပ်​တယ်​လို့ပြောလို့ရတယ်​.....ထိုင်​စရာ​နေရာမရှိတာနဲ့..​ထောင့်​ဘက်​မှာပဲ​နေရာယူလိုက်​တော့တယ်​..
​ထောင့်​ဘက်​ဆို​တော့..နည်းနည်းမှီလို့ရတယ်​လေ....

"ဟာ!! လူကပိုများလာလိုက်​တာ..တဖြည်းဖြည်းနဲ့..ရပ်​ရတာ..ကျဉ်းလာသလိုပဲ..."

တိုးတိုး​လေးသာငြီး​နေလိုက်​တော့တယ်​....​ဘေးကဦး​လေးကြီးတစ်​ယောက်​ကလည်း..သူ့ကိုယ်​ဝဝဖိုင်းဖိုင်းကိုမှအားမနည်း​အ​သေတိုး​နေ​လေရဲ့..
လူကတဖြည်းဖြည်းကြားညက်​နေ​တော့..ခန္ဒာကိုယ်​တောင်​ပိုသေးသွားသလို..
သူတိုးငါတိုးနဲ့အလယ်​မှာညက်​နေ​တော့..အသက်​ရှု​တောင်​ကျက်​လာပြီ...

*က​တောက်​စ်​!! လူကဒီ​နေ့ဘာ​နေ့မို့အဲ့​လောက်​တောင်​များ​နေပါလိမ့်​..ဟူး.."

ငြီးတွားလို့မဆုံး​သေး..​နောက်​ကလှမ်းဆွဲခံလိုက်​ရတဲ့ခန္ဒကိုယ်​..
​နောက်​ကျောနဲ့..ထိကပ်​သွားတဲ့..ရင်​ဘက်​တစ်​စုံ....
အမြဲတမ်းစွဲမက်​နေတတ်​တဲ့..ကို​ယ်​သင်းနံ့..ဒီ​လောက်​ဆိုရင်​...
ကျွန်​တော်​အ​နောက်​ကဘယ်​သူလဲဆိုတာ​တော့...ခံစားမိပါပြီ..

ထို့​နောက်​..နား​ဘေးကိုရစ်​ဝဲလာတဲ့..ခပ်​တိုးတိုး​လေပူ​လေးတစ်​ခု...

"ဒီ​လောက်​ညက်​နေတာကို..ဘာလို့​နောက်​မဆုတ်​ပဲ..ကြားညက်​ခံ​နေရတာတုန်း..​သေးပါတယ်​ဆိုမှ..​ပျောက်​သွားဦးမယ်​"

💙အပြာ​ရောင်​နွေဦး💙 {Completed }Unde poveștirile trăiesc. Descoperă acum