💙အပြာရောင်နွေဦး 💙 _14

1.6K 185 2
                                    

ရင်ခွင်ထဲကနေ ခုထိမထသေးဘဲ
ပိုပြီးတော့တောင် တိုးဝှေ့ပြီး အိပ်နေတာ ကိုယ့်အိမ်ကိုယ်ရာလိုပင်

နှုတ်ခမ်းလေ ဟစိဟစိနဲ့ အိပ်ပျော်နေတဲ့ ချစ်ရသောသူ

အင်း~~~ကိုယ်လည်း သူနဲ့မှ ကဗျာတွေပါ စန်တတ်နေပြီ။

"အင်း...ဟင့်!!! "

ကြောင်ပေါက်လေးတစ်ကောင်လို တဟင့်ဟင့်နဲ့ အော်နေပြန်ပြီ။
ဘယ်လို ကောင်လေးမှန်းကိုမသိဘူး

ချစ်တယ်...ဘယ်တော့မှ မရိုးတဲ့ ချစ်စကား

"နိုးပြီလား ကောင်လေး.."

"Kyung.. "

ခေါင်းငြိမ့်ရုံလေးသာ ငြိမ့်ပြပြီး Kyung ဆိုတဲ့ စကားအသံလေးထွက်လာတာ

"ဘာပြောတာလဲ ကောင်လေး "

"Kyung ကျွန်တော့်ကို Kyungလို့ခေါ်နော် "

ဟား...သူ့နာမည်လေးကို ခေါ်ခိုင်းတာတောင် မပွင့်မလင်းတိုးရှရှနဲ့

"အဲ့တာများကွာ ကိုယ့်ကို ကျယ်ကျယ်ပြောပါလား ဟင်"

"ရှက်လို့ ဟီး!!"

အမယ်...အခုမှ ရှက်တတ်နေတာတဲ့

"ရှက်လို့ ကိုယ့်နဖူးကို အရင်နမ်းတုန်းက မရှက်ဘူးပေါ့ ဟုတ်လား
ဟမ်!! ပြောပါဦး Kyungရဲ့ "

"Jong jonginနော် အဲ့ အဲ့တုန်းက ခင်ဗျားက ရေခဲတုန်းကြီးလေ
အဲ့တော့ ကျွန်တော်က ကြိုးစားရတာပေါ့ဗျ
အားကြိုးမာန်တတ်လေ ဟီး ^_^ "

တဟီးဟီးနဲ့ ချွဲနေပြန်ပြီ

"ဟုတ်ပါပြီဗျာ ခုတော့ သွားကြမယ် ညနေစောင်းနေပြီနော်
အိပ်ပုတ်လေးရဲ့ ကိုယ်က အိပ်ပုတ်တွေကိုချစ်ဘူး"

နှာခေါင်းလုံးလုံးလေးကို ဆွဲပီး ပြောလိုက်တော့

"ကျွန်တော်က အိပ်ပုတ်လေးကိုမချစ်ဘူးပြောတဲ့
ဲ့ လူကြီးကို ချစ်တာ သိလား မွ!!"

အော်ဟော်~~ လူကိုနမ်းသွားပြန်ပြီ!!!

ထပြေးတော့မယ့် ကောင်လေးရဲ့ လက်ကိုလှမ်းဆွဲပြီး..
နှုတိခမ်းနှစ်ခုထိကပ်စေလိုက်တယ်

အခုအခြေအနေက ကောင်လေးက ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်နေတာရယ်

💙အပြာ​ရောင်​နွေဦး💙 {Completed }Where stories live. Discover now