💙 အပြာရောင်နွေဦး 💙_ Final

2.6K 221 107
                                    

"ဟာ...jong စာကျက်လေကွာ..ကျွန်တော့်ကို ခဏခဏလိုက်နမ်းမနေနဲ့.."

ဟုတ်တယ်လေ...နောက်လပဲ Final Examက ဖြေရတော့မယ်....
ခုထိစာမကျက်သေးပဲ...လူကိုလိုက်နမ်းနေတာ အခါမရေနိုင်တော့ဘူး..

စာတစ်ယောက်တည်းမကျက်ချင်လို့...
Kyung!! ကိုယ်နဲ့စာအတူတူလာကျက်ပါဆိုလို့..
လာကျက်ပေးပြန်တော့လည်း....စာမကျက်
လူကို တစိမ့်စိမ့်ထိုင်ကြည့်လိုက်...မနေနိုင် ထနမ်းလိုက်နဲ့..
ခုထိ သူရော ကိုယ်ရော မယ်မယ်ရရ တစ်လုံးမှမရသေး..

"Jong...စာကျက်မယ်လို့!!!..မကျက်ဘူးဆို ကျွန်တော် ပြန်မယ်!!!"

ဆူဆူဆောင့်ဆောင့်လေးလုပ်လိုက်တော့မှပဲ~~~

"အင်းပါ...Kyungရယ် ကိုယ်စာကျက်တော့မယ်...ဟုတ်ပြီလား..
ဒါပေမဲ့~~~"

လူကိုပြူးကြည့်နေပြီး...ဒါပေမဲ့က ဆက်မပြောသေး.....

"အွန်း...ဒါပေမဲ့က ဘာလဲ ပြောလေ Jong"

"Kyungညကြ ကိုယ်နဲ့တူတူအိပ်မယ်လို့ ကတိပေးရင်...စာကျက်မယ်.."

အမ်!!!! ထွေထွေထူးထူး မဟုတ်တာကို ခွင့်တောင်းနေပြန်ပြီ!!!
မဟုတ်လည်း...ညကြ ခင်ဗျားကြီးရင်ခွင်ထဲ အိပ်ဖို့ကြံနေတာကို..

"စာသာကျက်မယ်ဆို...စာမေးပွဲ မပြီးမချင်း လာအိပ်ပေးမယ်...အဲ့တာကြောင့်
ခုစာကျက်တော့..."

အိပ်မယ်လည်းဆိုရော...မျက်လုံးလေးက တဘတ်လတ်ကိုတောက်ပနေတော့တာပဲ....

*ခင်ဗျားရဲ့ အပြုံးတွေက ကြယ်ပွင့်လေးတွေလို တောက်ပပြီး လှလွန်းတယ်*

"မွ!!!ကိုယ်က Kyungကို ချစ်တာ အဲ့တာတွေ့ကြောင့်...
ချစ်တယ် ကိုယ့်ကောင်လေးရဲ့! !"

"အံမယ်!!!စိတ်ပုတ်ကြီးရဲ့ ကောင်လေးမဟုတ်လို့...ဘယ်သူ့ကောင်လေးဖြစ်ရမှာလဲ ပြော!!!"

ရင်ဘက်ကို ထုပြီးပြောတော့....တဟားဟားကို အော်ရယ်နေတော့တာပဲ!!!

*ခင်ဗျားရဲ့ ကလေးဆန်မှုတွေကိုလည်း...ကျွန်တော် ချစ်တယ်...*

"ဟာ...ဟုတ်ပါတယ်...စိတ်ပုတ်ကြီးရဲ့ ကောင်လေးပါ...ဟားဟား..."

ဒီလောက်ထုနေတာကိုတောင် အရယ်မရပ်သေးဘူး.....

"ငါကြည့်နေတာ ကြာပြီ Kim Jonginရေ ရယ်တာရပ်ပါတော့..
စာကျက်တာ ခုထိမတွေ့ရသေးဘူး...."ံ

💙အပြာ​ရောင်​နွေဦး💙 {Completed }Where stories live. Discover now