___

" Bae ဒီမှာ "

မနက်ရောက်တော့ထုံးစံအတိုင်း ChanYeolကလမ်းထိပ်မှာကားရပ်ပြီးလာကြိုတယ် ။ ကားထဲဝင်ထိုင်ထိုင်ချင်းပဲ BaekHyunရှိရာထိုင်ခုံဆီ ခန္ဓာကိုယ်စောင်းလာပြီး ခါးပတ်ကိုတပ်ပေးတယ် ။ ပြီးတော့...

" ပြွတ် "

အခွင့်အရေးကိုလက်လွှတ်မခံဘဲ အသားယူပြန်တယ် ။

" Park ChanYeolက မုန်းစရာကြီး "

ကျွန်တော်ပြောတော့ သူကရယ်တယ် ။ ပါးချိုင့်တစ်ဖက်ပေါ်လာပြီး ရယ်သံတိုးတိုးလေးပါထွက်ကျလာတယ် ။ ရယ်နေရင်းလည်း ကျွန်တော့်နှုတ်ခမ်းကို တစ်ချက်တစ်ချက် လှမ်းနမ်းသေးပြန်တယ် ။

" baeစိတ်ထဲမှာ အဲ့စကားနဲ့ ပြောင်းပြန်ဖြစ်နေတယ်ဆိုတာတော့ ဝန်ခံလိုက် "

ဒီတစ်ခါပြုံးရတဲ့သူက BaekHyun ။
လက်နှစ်ဖက်ကို ChanYeolရဲ့ပါးနှစ်ဖက်ဆီမှာ ကပ်ထားပြီး သူ့ဘက်က အနမ်းတွေကိုပြန်စတင်လိုက်တယ် ။ ဒီတစ်ခါ အနမ်းတွေကတော့ ရှည်ကြာစွာ မွတ်သိပ်စွာ နက်နဲစွာ ။

___

မပြီးပြတ်နိုင်တဲ့အနမ်းဇာတ်လမ်းကြောင့် ကျောင်းရောက်တော့ ပထမအချိန်တောင်စလုနီးနေပြီ ။ နှစ်ယောက်လုံးမနက်စာမစားရသေးတာကြောင့် martအသေးလေးတစ်ခုကနေ ပေါင်မုန့်နဲ့အအေးတစ်ချိူ့ဝင်ဝယ်ပြီးကျောင်းထဲဝင်လာခဲ့လိုက်တယ် ။

ChanYeolရဲ့အရင်စိတ်နဲ့ဆို ဘယ်လောက်ပဲကျောင်းနောက်ကျကျ စိတ်ထဲကိုထည့်မှာမဟုတ်ဖူး ။ သူလာချင်တဲ့အချိန်လာပြီး အတန်းထဲဝင်ထိုင်လိုက်မှာပဲ ဒါပေမဲ့BaekHyun သူ့ဘဝထဲကို သီးသန့်ခေါင်းစဉ်တစ်ခုနဲ့ ဝင်လာပြီးနောက်မှာ ဒါမျိူးတွေသူမလုပ်ရဲတော့ဖူး ။

BaekHyunမကြိုက်ဖူးပြောတာတွေရှောင်ပေးပြီး အတန်းလည်းမှန်မှန်တက်ပေးရတယ်
ပြောရရင် အချစ်ကြောင့်လိမ္မာနေပါပြီပေါ့ ။

အတန်းထဲရောက်တော့ လက်တွဲဝင်လာတဲ့ChanYeol တို့အတွဲကိုမြင်တဲ့ Kaiက နှုတ်ခမ်းကိုမဲ့ပြပြီးလက်ခလယ်ထောင်ပြတယ် ။

FAကောင်ကတော့ မနက်စောစောစီးစီး အကုသိုလ်ယူနေပြန်ပြီ ။

အတန်းချိန်စခါနီးနေပေမဲ့ ဆရာဝင်မလာသေးတာကြောင့် ChanYeolက BaekHyunရှိရာအနောက်ကိုလှည့်ပြီး မနက်စာစားဖို့ကြံတယ် ။ BaekHyunရဲ့ ခုံမှာမုန့်တွေကိုချလိုက်ပြီးဖွင့်ဖောက်စားတော့တယ် ။

You've reached the end of published parts.

⏰ Last updated: Jun 06, 2020 ⏰

Add this story to your Library to get notified about new parts!

Dating With A GangsterWhere stories live. Discover now