Unicode
စက်ဘီးကကျောင်းမှာကျန်ခဲ့သဖြင့်
ကျောင်းကို Busစီးပြီးသာလာရသည် ..လူတွေတိုးကြိတ် နေသဖြင့်
ဝတ်ထားတဲ့ကျောင်းအင်္ကျ ီလေးက
့အလွန်တရာပင် တွန့်ကြေနေသည်။ကျောင်းကိုရောက်မှ
အသက်ဝဝရှူ နိုင်တော့သည်။နောက်ဆို လမ်းလျှောက်ပဲလာတော့မည်ဟုလဲ
ဆုံးဖြတ်ချက်ချလိုက်မိသည်။ ထပ်မံ၍
လူတိုးကြိတ် မခံနိုင်တော့ ။အတန်းထဲရောက်တော့
မသိစိတ်ကရော၊ သိစိတ်ကပါ
ChanYeolကိုရှာနေမိသည်။ChanYeolသာမက
JongInဆိုသည့်တစ်ယောက်ကိုပါ
မတွေ့ရသည်မို့သက်ပြင်းချရင်း
ခုံမှာလက်တင်ပြီး
ခေါင်းမှောက်လိုက်မိသည်။" BaekHyun !! ငါနင့်ကိုစောင့်နေတာ "
မျက်လုံးမှိတ်ကာမှေးမယ်ကြံသေး
YooJung၏အသံကြောင့်
ပိတ်လုစဖြစ်နေသောမျက်ခွံတွေကို
အမြန်ဖွင့်လိုက်ရသည်။" Wae?? ပြောစရာရှိလို့လား "
" လာလိုက်ခဲ့ ! "
YooJungကပြောလဲပြော
လက်ကိုပါဆွဲသွားတာကြောင့်
သူခေါ်သည့်နောက်ကြောင်တောင်တောင်နှင့်ပင်
လိုက်လာခဲ့မိတော့သည်။အောက်ကိုဆင်းနေသည်မို့
Canteenသို့ဦးတည်နေမှန်းရိပ်မိလိုက်၏သို့သော်နားမလည်သည်က
ဘာလို့မနက်ခင်းကို
Canteenသွားနေတာလဲ ??YooJungမနက်စာမစားခဲ့လို့များလား ??
" YooJungမနက်စာစားဖို့ဆို
ငါစားပြီး ......... "" တိတ်တိတ်နေပြီးလိုက်ခဲ့စမ်းပါဟာ "
ဆက်ပြောမည့်စကားလုံးလေးတွေ
YooJungကြောင့်ပါးစပ်ထဲ
အလုံးအရင်းပြန်ဝင်ကုန်သည်။Canteenကိုရောက်တော့
ကောင်လေးတစ်ယောက်ရှိနေသည့်
ခုံတွင်ဝင်ထိုင်သည်။YooJungကတော့ ထိုကောင်လေးဘေးနားထိုင်ကာ
ကျွန်တော်ကတော့ သူတို့နှစ်ယောက်၏
မျက်နှာချင်းဆိုင်ဘက်တွင် ..မဟုတ်မှ .....
" BaekHyun ! ဒါငါ့ချစ်သူလေ ဟီး
Lee YoonSeokတဲ့ ငါတို့ထက်
တစ်တန်းကြီးတယ် ...
နင်ကငါ့တစ်ဦးတည်းသော
သူငယ်ချင်းမို့ နင့်ကိုအရင်ပြောပြတာ "
YOU ARE READING
Dating With A Gangster
Fanfiction.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shinn Ji Neul နဲ့ LiamRin ရဲ့ Collaboration ?? CoverPhoto by AsunaPark