Unicode
မနက်ခင်းနေအလင်းရောင်က
မျက်နှာပေါ်ကျရောက်လာတာမို့
မထချင်ထချင်နှင့်ပဲမျက်ခွံတွေကိုဖွင့်လိုက်ရသည် ။တစ်ခန်းလုံးကိုဖြာကျနေသည့်
နေရောင်တွေအရ ပြတင်းပေါက်တွေ
ဖွင့်ထားတာ အဖေမှန်းခန့်မှန်းမိလ်ိုက်၏ ..မနေ့ကChanYeol ဒိတ်မယ်ပြောခဲ့တာ
သတိရသွားပြန်တော့ ခြုံထားတဲ့စောင်ကိုဆွဲဖယ် ၊
အိပ်ရာကနေအမြန်ကုန်းထရင်း
ရေချိူးခန်းထဲဝင်ပြေးရတာ့သည်။ပေါ့ပေါ့ပါးပါးShirtအဖြူလေးနဲ့
ဂျင်းဘောင်းဘီကိုသာ
ဝတ်လိုက်ရင်း
လမ်းထိပ်ဆီသို့သာထွက်ခဲ့လိုက်သည်။လမ်းထိပ်ရောက်တော့
ChanYeolကားကိုတွေ့လိုက်ရသည်..ရောက်နေတာကိုဖုန်းမဆက်ဖူး !!
ကားထဲကိုအလျင်အမြန်ဝင်ထိုင်ရင်း
ခါးပတ်ပတ်ပြီး ChanYeolကို စကားပြောရန်
အလှည့် " ပြွတ် " ဟူသည့်အသံနဲ့အတူ
ကျွန်တော့်နှုတ်ခမ်းကို
တစ်စုံတစ်ခုလာထိသည့်အထိအတွေ့ .." Morning Kiss Bae ..
ကိုယ်တော့အားရှိသွားပြီ "လိုချင်တာရသွားသည်မို့
စပ်ဖြီးဖြီးမျက်နှာနှင့်ChanYeolရယ်ပါ ..ဒါလား .. တစ်ကျောင်းလုံးကြောက်ရတဲ့
Gangster ရုပ်..
ကျောင်းကလူတွေကိုအခုချိန်ဖြစ်နေတဲ့
ChanYeolမျက်နှာကိုခေါ်ပြချင်မိသည်။ကြောင်ရပ်ကာအတွေးများနေတဲ့
ကျွန်တော့်ကို နောက်တခါ လာပြွတ်သွားတော့
ကျွန်တော့်လက်သီးဆုပ်များက
သူ့လက်မောင်းဆီ ..။စိတ်ရှိသလောက်ထုလိုက်သော်လည်း
ChanYeolမျက်နှာတစ်ချက်မပျက် ..
ပြုံးပြီးစိုက်ကြည့်နေသည်မို့
လူကရှက်လာကာ အရှေ့သို့အမြန်လှည့်လိုက်ရသည်။တကယ် .. Park ChanYeolကြီးကဘာကြီးမှန်းမသိ!!
လူကိုရှက်အောင်အမြဲစိုက်ကြည့်နေတယ် ။အတန်ကြာသည့်အထိလဲ
စိုက်ကြည့်နေတာမို့
လူက ပါးပြင်တွေတောင်ပူလာသယောင် ။" ဒီတစ်နေ့လုံးသွားဖို့ရော
အစီအစဉ်ရှိပါသေးရဲ့လား Park ChanYeol Ssi "ကျွန်တော်မေးလိုက်တော့
သူကကျွန်တော့်မျက်လုံးတွေကို
တည့်တည့်စိုက်ကြည့်လာသည်။
VOUS LISEZ
Dating With A Gangster
Fanfiction.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shinn Ji Neul နဲ့ LiamRin ရဲ့ Collaboration ?? CoverPhoto by AsunaPark