[ 10 ]

8.3K 1K 161
                                    

Unicode

" ဆာကူရာနဲ့မင်းကလှတယ် BaekHyun ... "

ရုတ်တရက်ထပြောသော ChanYeolစကားကြောင့်
ကျွန်တော်ကြောင်အမိသွားသည်။ နွေဦးရဲ့အပူရှိန်ကြောင့်လားမသိ။ ပါးပြင်ကလဲပါနွေးလာသလို ..

ကျွန်တော်ကဘာမှပြန်မပြောသည်ကြောင့် ..
ChanYeolကပင်ဆက်ပြီး ..

" သိတယ်မလား .. မင်းကရုပ်ဆိုးတော့လေ ဆာကူရာနဲ့တွေ့တော့ မဆိုးပါဖူး လှတော့လှသားပဲ "

ပြောချင်တာတွေပြောနေသော မျက်နှာရှေ့က ChanYeol၏မျက်နှာကြီးကိုကုတ်ဆွဲချင်လာမိ၏ ။

" စိတ်ဆိုးတာလား ? အဲ့တာ .. "

" ဟွန့် ငါကစိတ်ဆိုးစရာလား.. စိတ်ဆိုးတာမိန်းကလေးတွေအလုပ် "

" ပြီးတာပဲ "

" ..... "

ChanYeolအား ဘာမှပြန်မပြောမိ ..

ကျွန်တော့်အိမ်နှင့်တဖြေးဖြေးနီးလာမိတော့မှ ..
တွဲထားတဲ့လက်ကိုဖြုတ်ချလိုက်ပြီး ..

" သွားတော့မယ် ။ ငါ့ညီ သိသွားရင် မဖြစ်လို့ .. ဒီအထိပဲလိုက်ပို့တော့ တာ့တာ "

" ဘာလို့သိသွားလို့မဖြစ်တာလဲ "

လက်တစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာ
ပါး ချိုင့်တစ်ဖက်မပေါ်ပေါ်အောင် ပြုံးလိုက်ပြီး ပြောလာတဲ့ChanYeolကြောင့်BaekHyunရင်တွေပင်တုန်လာသလို ..။

* ဒုတ် *

" ဘာ..ဘာမှမဟုတ်ဖူး တာ့.. တာ့တာ "

ChanYeolဆီကစကားကိုမစောင့်တော့ပဲအိမ်ထဲကိုသာသုတ်ခြေတင်ပြေးလာမိတော့သည်။

" Arshii ! ရင်တွေဘာလို့တုန်လာတာလဲ "

" အကို ! "

" အော်.. Sehun "

အိမ်ထဲကိုပြေးလာတဲ့ကျွန်တော့်ကို ..
TVရှေ့မှာထိုင်ရင်းရေခဲချောင်းတစ်ချောင်းနဲ့
Sehunကမော့ကြည့်လာသည် ။

ဟွန့် ! သူကျတော့လဲ အေးဆေးနေတာပဲ။

အလိုမကျမှုကြောင့် မျက်နှာကိုရှုံ့မဲ့ပစ်လိုက်သည်။

" ဘာလဲ .. Crushက ငြင်းပစ်လို့ ..
မျက်နှာမဲ့နေတာလား "

ပြောချင်ရာစွတ်ပြောနေသောSehunကို ..
ဘေးက စားပွဲတွင်တင်ထားသော
ပန်းအိုးနှင့်ကောက်ထုချင်စိတ်ပေါ်လာရသည်။

Dating With A GangsterWhere stories live. Discover now