Unicode
သူ့ကိုဘာမှပြန်မပြောပဲ ခေါင်းမိုးထပ်ကနေ
ပြေးဆင်းလာမိသည်။ ဆင်းလာမိသည့် လမ်းတစ်လျှောက်လည်းလူက ဘာတွေဖြစ်နေမှန်းမသိ။ကျောင်းဆင်းတော့ အိမ်ပြန်သည်အထိ
သူ့ကိုမတွေ့အောင် သေချာရှောင်ပြီးမှပြန်ရသည်။
တွေ့ရင် ဘာပြောရမယ်မှန်းမှမသိတာ။မနက်ဖြန်ကျောင်းပိတ်တာမို့ မနက်ဖြန်အတွက်ကြိုတင်
plan.ချရင်း။ မနက်ဖြန် sehun တို့အိမ်ကို
သွားလည်ရမည်ဖြစ်၏။ကျောင်းကပြန်ရောက်ကတည်းက ထမင်းစားပြီး
စာလုပ်နေမိသည်။ ဒီနေ့ဟို sehun မလာတာကြောင့်လည်း ကျွန်တော့်ကမ္ဘာအေးချမ်းနေသလိုလို။စာလုပ်နေတုန်းဖုန်းက message ဝင်တော့ ။
မနက်ဖြန်အားလားဟင်
ဘယ်သူလား။ ဖုန်းနံပါတ်ကလည်း မသိတဲ့ဖုန်းနံပါတ်ကြီး။
ဘယ်သူတုန်း?
ChanYeol လေ ။ မင်း ဖုန်းနံပါတ်ဘယ်လိုရလဲတော့မမေးနဲ့နော်
ငါက ဒီတိုင်းစုံစမ်းလိုက်တာ ။ ပြီးတော့မင်းကို Stalk နေတယ်လို့ထင်မနေနဲ့ဦး ။ ငါကကိုချစ်တဲ့သူကို စိတ်အနှောင့်အယှက်မပေးတက်ဘူး-,-"မနက်ဖြန်က အားပါတယ်။ မင်းကဘာလုပ်မလို့တုန်း ။
ရုပ်ရှင်သွားကြည့်မယ်လေ ။ ဒါမှမဟုတ်လျှောက်လည်မယ်။ တစ်နေကုန်အချိန်ဖြုန်းကြည့်ရအောင် ။
အဲ့တာဆို မနက်ဖြန်က မင်းနဲ့ငါရဲ့ First Date
လိုဖြစ်နေမှာပေါ့ ။Hey ! အဲ့ First Date ဆိုတာကို
ကိုယ်မပြောဘူး ။ မင်းပြောတာနော် ကောင်လေး 🙊
ကောင်လေးတစ်ယောက်ကတော့ ခံစားချက်တွေကိုမသိမသာနဲ့ ဝန်ခံနေတာပဲ 🙊❤အား ၊ မနက်ဖြန် ကိုးနာရီလောက်သာ အိမ်ရှေ့က
လာခေါ်😒 ဘာမှမဝန်ခံဘူး😒အင်း ၊ ချစ်တယ် ၊၊
နောက်တစ်နေ့မနက်ရောက်တော့ ပြဿာနာကစလာပြီ။
ဘာဝတ်ရမယ်မှန်းမသိတာ။ ဒီပြဿနာက ဘာမှသာမဟုတ်တာ တော်တော်လေးကိုအလုပ်ရှုပ်သည့်ဟာ။
ငါဘာလို့သူနဲ့လျှောက်လည်မဲ့ကိစ္စကို သဘောတူမိသွားရတာလဲ ။ အမှန်ဆို ငါငြင်းသင့်တာလေ။'
VOCÊ ESTÁ LENDO
Dating With A Gangster
Fanfic.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shinn Ji Neul နဲ့ LiamRin ရဲ့ Collaboration ?? CoverPhoto by AsunaPark