စကားလုံးတိုင်းကဝမ်ရိပေါ်ရဲ့နှလုံးသားကိုဓားချက်ပေါင်းများစွာနဲ့ထိုးစိုက်နေသည့်အလားနာကျင်စေသည်။မေ့ပစ်ရမယ်တဲ့လား။ဟင့်အင်း....မေ့ဖို့ချစ်ခဲ့တာမှမဟုတ်တာ။သူ့ကိုကျောပေးထားတဲ့သူ့နတ်သားလေးကိုထပ်မေးလိုက်သည်။

"ကိုယ့်အနမ်းတွေကိုဘာလို့လက်ခံခဲ့တာလဲ"

ရှောင်းကျန့်မျက်ရည်မကျမိအောင်အောက်နှုတ်ခမ်းကိုနာနာလေးဖိကိုက်လိုက်သည်။နာကျင်ရသည်။သူ့ရဲ့ရင်ဘတ်ထဲကအရမ်းကိုနာကျင်ရပါသည်။ဝမ်ရိပေါ်ရဲ့မျှော်လင့်ချက်တွေအပြည့်နဲ့မျက်ဝန်းကိုမြင်ယောင်မိတော့ဝဲဘက်ရင်အုံကနှလုံးသားကအောင့်တက်လာသည်။သူ့ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားလ်ုက်ပြီးခပ်တည်တည်မျက်နှာထားနဲ့ရိပေါ်ကိုမျက်နှာချင်းဆိုင်လိုက်သည်။

"မင်းနေရာမှာတခြားလူဆိုရင်လည်းငါလက်ခံခဲ့မှာ..."

သူ့နတ်သားလေးရဲ့စကားအဆုံးမှာဝမ်ရိပေါ်ရဲ့ကမ္ဘာပြိုကျခဲ့ပါသည်။တခြားလူဆိုရင်လည်းလက်ခံခဲ့မှာတဲ့။သူ့နတ်သားလေးရဲ့စိတ်ထဲမှာသူကတခြားသူတွေထက်ထူးခြားနေမယ်လို့ထင်ခဲ့မိတာ။အခုတော့သူသိလိုက်ရပြီ။သူကသူ့နတ်သားလေးအတွက်တော့ဘာမှမဆိုင်တဲ့တခြားလူတစ်ယောက်ပဲ။ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့မိတာပဲ။ဝမ်ရိပေါ်ရဲ့ပါးပေါ်သို့မျက်ရည်ပူတွေစီးကျသွားသည်။ပထမဆုံးပဲ။ဒါသူပထမဆုံးငိုမိတာပဲ။ဝမ်ရိပေါ်ယွီပင်းကိုအမြဲပြောနေကျစကားတစ်ခွန်းရှိသည်။ယောက်ျားဆိုရင်မငိုရဘူးလို့။ထိုစကားကိုပြောခဲ့တဲ့ရိပေါ်အခုတော့မျက်လုံးထဲကစီးကျလာတဲ့မျက်ရည်တွေကိုမတားဆီးမိတော့ပါ။

ဝမ်ရိပေါ်ရဲ့မျက်ရည်တွေကိုကြည့်နိုင်စွမ်းမရှိတော့တဲ့ရှောင်းကျန့်ဟာထိုနေရာကနေအမြန်ပြေးထွက်လာခဲ့သည်။တောင်းပန်ပါတယ်....ရိပေါ်....ငါတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး။နန်းဆောင်ကိုဘယ်လိုပြန်ရောက်လာခဲ့လည်းရှောင်းကျန့်မသိပါ။ရှောင်းကျန့်သိတာကသူ့နှလုံးသားတွေဆုတ်ဖြဲခံရသလိုနာကျင်နေပါသည်။အသက်မရှိတဲ့လူတစ်ယောက်လိုပြန်ရောက်လာတဲ့သူ့ကိုကြည့်ပြီးဖေးဖေးကစိတ်ပူသလိုမေးသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now