(Final)

9.8K 670 54
                                    

Zawgi

"ဝေ့ I'm here"

လက်ဝှေ့ရမ်းကာပြနေသူထံ ရိပေါ် တန်းတန်းမတ်မတ်လျှောက်သွားရင်း ခရီးဆောင်အိတ်ရှည်ကိုဘီးတွေအကူအညီနှင့် တွန်းလွှတ်လိုက်သည် သူကတော့ ရှေ့တူရှုကမြင်နေရသည့်လူ၏ရင်ခွင်တွင်းသို့ပစ်ဝင်လိုက်သည်

ကျနော် တို့ပြန်တွေ့တဲ့အခါ အဲ့အချိန် ကျနော်ကအရင်ဖက်ထားမယ်လို့ ကိုယ့်ကိုယ်ကို ကတိပေးထားတာမို့..

"ဖြေးဖြေးဖက်ပါကွာ ကိုယ့်ကို အဲ့လောက်လွမ်းနေလား လိုက်တောင်လာရတဲ့အထိ"

"အလုပ်နဲ့လာတာ ဒီမှာအသိရှိနေတော့ကောင်းတယ်လေ"

"ခွေးကောင်လေး ဟုတ်တယ်လို့ဖြေရင် မင်းဖောင်းနေတဲ့ပါးကြီးပိန်သွားမှာမို့လိုလား"

ရှောင်းကျန့်က သူ့ကိုအရိုးကျိုးမတတ်ဖျစ်ညှစ်ထားတဲ့ ရင်ခွင်ထဲကကောင်လေးကို ဆွဲခွာကာ ပါးနှစ်ဖက်ကိုဆွဲညှစ်ပစ်လိုက်သည်

ဆံပင်တွေကိုသပ်ရပ်စွာလှန်တင်ထားသည့် ရှောင်းကျန့်က အနောက်တိုင်းဟန်အပြည့်နှင့်ခန့်ငြားနေပြန်သည် အပြုအမူတွေကအစလူကြီးဆန်လာတာ ရိပေါ်က ပြုံးစိစိလုပ်ကာ ရှောင်းကျန့် နဖူးကို ခြေဖျားထောက်ပြီး မမှီမကမ်းနမ်းတော့ ထိုလူကြီးမျက်နှာက ရုတ်တရက်ချိုအီအီကြီးဖြစ်သွားသည်

ရာနှုန်းပြည့်မရိုးသားသည့်အကြည့်ကြီးကို ရိပ်မိသွားတဲ့ ရိပေါ်က ကတုန်ကရင်ဖြစ်သွားရသည်မို့ အမြန်ပင်စကားလမ်းကြောင်းလွှဲဖို့ပြင်သည်

"ခများမျက်နှာမှာ ပျားရည်တွေလျှံနေပြီ"

"အင်း မင်းလျက်ပေး"

ပြောပြီးမျက်နှာကြီးရှေ့တိုးလာသော ရှောင်းကျန့်ကို ရိပေါ် တွန်းထုပ်လိုက်ရင်း

"လေဆိပ်ကြီးမှာ လူတွေကြည့်နေတယ် မရှက်ဘူးလား"

"လေဆိပ်ကြီးမှာ အရင်လာနမ်းတာဘယ်သူလဲ ဒီကလူတွေက ဒါမျိုးအဆန်းမဟုတ်တော့ဘူး ကြည့်ပါလား သူတို့မျက်လုံးတွေမှာလည်း ပျားရည်တွေထွက်နေတာ"

ရှောင်းကျန့် ကသူတို့ကို အားမနာတမ်းကြည့်နေသည့် လူအုပ်ရှိရာဘက် မေးငေါ့ပြရင်းပြောသည်

ချစ်သူ့အနား[ချစ်သူ့အနား] (Completed)Where stories live. Discover now