(7)

5.2K 495 37
                                    

Zawgi

"အစ်ကိုလေး ရှောင်းကျန့် "

ကားတစ်စီး အနားသို့ထိုးရပ်လာပြီး ကားပေါ်ကလူရွယ်တစ်ယောက်ကပျာကယာဆင်းကာ ခေါ်လိုက်သံကြောင့် ရှောင်းကျန့် လှမ်းရန်ပြင်နေသည့်ခြေလှမ်းတွေရပ်တန့်သွားသည်

"ဘာလာလုပ်ပြန်လဲ"

"ဥက္ကဋ္ဌကြီး ခေါ်ခိုင်းနေပါတယ်"

"လာပြန်ပီ မင်းတို့ဥက္ကဌကြီးက ဘာလို့ခဏခဏခေါ်ခိုင်းနေတာလဲ သူငယ်ပြန်နေတာလား"

"ခေါ်တိုင်းသူမလာပဲနဲ့"

"အံမယ် မင်းကများ ငါပိတ်ရိုက်လိုက်ရ"

ရှောင်းကျန့် ကလက်နဲ့ရွယ်တော့ လူငယ်ကဇက်ကလေးပုကာ မျက်နှာငယ်လေးဖြစ်သွားသည်

အေးလေ သူ့မှာဘာအပြစ်ရှိတာမှတ်လို့ ခိုင်းတဲ့အတိုင်းလုပ်ရတာပဲ ဥက္ကဋ္ဌကြီးဆိုတဲ့လူကိုပဲ အပြစ်တင်ရမှာ လူကိုများ delivery ပို့တဲ့သူမှတ်နေလားမသိဘူး ခဏခဏခေါ်နေတော့တာပဲ

"အင်းပါ အင်းပါ ငါလိုက်ခဲ့မယ် ဟုတ်ပြီလား"

"ဗျာ တကယ်လား ဟုတ်ကဲ့ ဟုတ်ကဲ့ "

လူရွယ်က ဝမ်းသာအားရကားတံခါးကိုဖွင့်ပေးလာတော့ ရှောင်းကျန့် ဝင်ထိုင်လိုက်သည် ကားလေးက ကျောင်းနှင့်ဝေးရာဆီသို့ တစ်လိမ့်ချင်းမောင်းသွားတော့သည်

ဒီမနက်တော့ ရိပေါ် ကိုသွားကြိုလို့မရတော့ဘူး ဒီကိစ္စကလည်း မြန်မြန်ဖြေရှင်းပြီးမှာပါလေ ရှောင်းကျန့် အတွေးတွေနဲ့အတူ နဂိုစုတ်ဖွာနေတဲ့ဆံပင်ကို လက်တွေနဲ့စိတ်ရှုပ်စွာဆွဲဖွလိုက်ပြန်သည်

"ဘာကြည့်တာလဲ မင်း"

ကားနောက်မှန်ကတစ်ဆင့် နောက်ခန်းက သူ့အရိပ်အခြေကို ခိုးကြည့်နေတဲ့ လူရွယ်ကိုလည်း ငေါက်လိုက်သေးသည်

ဝှီးးး

အခန်းတံခါးကို ဆွဲအဖွင့် ဝှီးခနဲအသံနှင့်အတူ လူဆီတည့်တည့်ဝင်လာသော မြားတစ်ချောင်း ကို ရှောင်းကျန့် ကမန်းကတမ်းရှောင်းလိုက်ရသည်

"အား ဘလိုလုပ်တာလဲ မျက်လုံးသာမှန်ရင်ကန်းမှာ ကျနော့် ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဖြစ်စေချင်နေတာလား"

ချစ်သူ့အနား[ချစ်သူ့အနား] (Completed)Where stories live. Discover now