(3)

5.9K 588 14
                                    

Zawgi

"အဲ့မှာ ဘာတွေဖြစ်နေကြတာလဲ"

ကျောပိုးအိတ်ကို ကြမ်းပြင်မှာတရွတ်ချဆွဲလာရင်း အခန်းထဲဝင်လာတဲ့ ရှောင်းကျန့်က အတန်းသားတွေ စုရုံးရုံးတွတ်ထိုးနေတဲ့ဆီ အကြည့်ရောက်သွားပြီး လှမ်းအော်လိုက်တယ်

"စီနီယာ ရှောင်းကျန့် လာအမြန်လာကြည့် ဒီမှာ စီနီယာ့ပါတနာ"

ရှောင်းကျန့် သူတို့အနားရောက်တော့ နေရာဖယ်ပေးကြသည် ဘာများလဲလို့ ဟင်းချက်ပြိုင်ပွဲ အစီအစဉ်ကြည့်နေတာကို ph screan ကိုမြင်တော့ ရှောင်းကျန့် မျက်ခုံးတွေအနည်းငယ်ပင့်တက်သွားသည် တခြားသူဟုတ်ရိုးလား ကိုယ့်ရဲ့ အချေကောင်လေး ဝမ်ရိပေါ် ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ်ပြင်ဆင်နေတာများ ဘယ်လိုတောင်စတိုင်ကျလိုက်သလဲလို့

ဒါကြောင့်ဒီနေ့အတန်းမတက်တာပေါ့လေ
ဆန္ဒ တစ်ခုကမပြည့်သေးဘူး နောက်တစ်ခုကတိုးလာပြန်ချေပြီ

မင်းအပြုံးတွေနဲ့ အတူမနက်ခင်းတွေကိုနိုးထရပြီး မင်းပြင်ပေးတဲ့မနက်စာလေးနဲ့ ငါ့တနေ့တာကို စတင်ခွင့်ရရင် ဒီဘဝဘာမှမတောင့်တတော့ဘူးကွာ
.
.
.
"ဝေ့"

ပန်းချီခန်းရှေ့နောက်တခေါက် မယောင်မလည်ရောက်လာပြန်တဲ့ ရိပေါ် ကို ရှောင်းကျန့် ကမြင်ဖြစ်အောင်မြင်လိုက်သည် ဒါ သူ့ကိုအတန်းထဲမှာမတွေ့လို့ လိုက်ရှာတာပဲနေမှာ

ကိုယ့်အတွေးနဲ့ကိုယ် ရှောင်းကျန့် အသာပြုံးရင်းလှမ်းခေါ်တော့ လှည့်ကြည့်လာသည်

"ဒီကို ခနလာ ပေးစရာရှိတယ် "

ရှောင်းကျန့် ခေါ်လိုက်ပြီးမှ ရုတ်တရက်ပါးစပ်ကို ပြန်အုပ်လိုက်မိသည် သူအခု ထိုကောင်လေးကိုလက်ယပ်ခေါ်လိုက်မိတာလား

ခါတိုင်းအရေးမစိုက်သလိုပုံစံမျိုးနဲ့ ထွက်သွားနေကြလူက ခေါင်းတချက်ငြိမ့်ပြကာ သူ့ဆီတန်းတန်းမတ်မတ် လျှာက်လာတော့ ပို၍အံ့သြသွားရသည်

"ထိုင်လေ"

ရှောင်းကျန့် ခုံတလုံးထိုးပေးလိုက်တော့ ထိုခုံမှာပဲ ရိပေါ်က ဝင်ထိုင်သည်

"ခုတလော အတန်းချိန်ခဏခဏပျက်တယ်နော်"

"အင်း စာသံတွေကြားရင်ခေါင်းကိုက်လာလို့ အဟီးး"

ချစ်သူ့အနား[ချစ်သူ့အနား] (Completed)Where stories live. Discover now