(4)

5.3K 557 14
                                    

Zawgi

"အ့ အင်း ဟင်း ဖြေးဖြေး...နာတယ်ကွ."

"ဘယ်နေရာလဲ ဒီနေရာလား အကိုရှောင်း"

"အ့ နည်းနည်းထပ်တိုး အင်း အင်း ဟုတ်တယ် "

"ဒီလိုလုပ်ရတာ ဟုတ်လို့လား "

"အာ စကားများတာ လုပ်ပါကွာ မြန်မြန် ငါသေတော့မှာပဲ "

"........."

"တောက်.."

ထိန်းထားသည့်ကြားက တက်ခေါက်သံက အနည်းငယ်ကျယ်သွားသည် ရှောင်းကျန့် အပြင်သွားတာကြာနေလို့ ရိပေါ် လိုက်လာခြင်းရယ်ပါ ဒါပေမယ့် ကြားလိုက်ရတဲ့အသံတွေကဘာတွေမှန်းမသိ

ရှောင်းကျန့် နဲ့ ယောက်ျားလေးတစ်ယောက်အသံ သူတို့ပြောနေသည့်စကားတွေ ရှောင်းကျန့် နှုတ်ကထွက်လာတဲ့ ညှို့အားပြင်းပြင်းညည်းညူသံတွေကရော

"အရှက်မဲ့လိုက်တာ"

ရိပေါ် ချက်ချင်း ပြန်လှည့်လာခဲ့သည် ရှောင်းကျန့် ကို ကျောင်းစာတွင်သာ ပေါ့ပျက်ပျက်နေတတ်သူဟု သူထင်ခဲ့သည် သို့သော်ထိုလူက ဝှက်ထားတဲ့လက်သည်းတွေနဲ့ ကြောင်သူတော်ကြီးပဲ

ရှောင်းကျန့် ခများကဘယ်လိုလူလဲ
.
.
.
ရိပေါ်က နေ့လယ်အတန်းချိန်ကိုမတက်တော့ပဲ အိမ်ကိုပဲပြန်လိုက်ဖို့ တွေးထားသည် သူကရှောင်းကျန့်နဲ့ မျက်နှာချင်းမဆိုင်ချင်ဘူး စိတ်ဆိုးတာလိုလို ဘာမှန်းမသိသည့်ခံစားချက်ကြောင့် ခေါင်းတွေပင်တရိပ်ရိပ်နောက်လာပြီဖြစ်သည်

အင်းလေ သူကယောက်ျားပဲ ဒါမျိုးစိတ်တွေရှိမှာပေါ့ တစ်ခါတလေ ဖြေဖျောက်တာကအပြစ်ကြီးမှ မဟုတ်တာ

ဒါပေမယ့် ယောက်ျားတစ်ယောက်နဲ့ အတူဖြေစရာလိုလို့လား ပီးတော့ သူကညည်း..ဟာကွာ.

"မင်းကို သဘောကျတယ်" ဆိုပြီးတော့

တွေးရင်းတွေးရင်း စိတ်တိုလာသည် နားလည်ပေးဖို့ကြိုးစားမိသည်ကိုလည်းစိတ်တိုသည် သစ္စာ အဖောက်ခံရသလိုမို့လည်း စိတ်တိုသည် ဘာကိုစိတ်တိုမှန်းမသိ၍လည်း စိတ်တိုသည်

-ီး ကိုသဘောကျ ရှောင်းကျန့် -ီးပဲ

လမ်းဘေးတွင် သူ့ဘာသာတည်ငြိမ်ခန့်ထည်စွာရှိနေသည့် အမှိုက်တောင်းကို ရှောင်းကျန့် အမှတ်နှင့် နှစ်ချက်လောက်ဆင့်ကန်ပစ်လိုက်သည်

ချစ်သူ့အနား[ချစ်သူ့အနား] (Completed)Where stories live. Discover now