(6)

5.4K 527 28
                                    

Zawgi

အဘိုးကြီးပေါက်စလေး ရှောင်းကျန့် ကို ရိပေါ်က ချိုင်းကနေမပြီးဆွဲကူလျှောက်လာရသည် ရှောင်းကျန့် မျက်နှာကမအီမသာဖြစ်လို့နေသလောက် ဝမ်ရိပေါ် မျက်နှာကငါခူပြုံးက ဖုံးမရဖိမရ

"အာ ငါရှက်လို့မင်းကိုမျက်နှာတောင်မပြရဲဘူး"

" ရပါတယ် ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ"

"....."

"မကြာခဏဖြစ်တတ်လား"

"အင်း ငါခဏခဏဝမ်းချုပ်တယ် အက်လိုအကြာကြီးထိုင်ရတိုင်း အမြဲကြွက်တက်တယ် ငါ toilet သွားတိုင်းအမြဲတစ်ယောက်စောင့်ရတယ်"

ရှောင်းကျန့် ကပြောရင်း ရှက်သလိုလေးရယ်သည် သူက ရိပေါ် ရှေ့မှာဒီလိုပေါ်သွားလိမ့်မယ်ဆိုတာ တခါမှတွေးမထားဖူးဘူး တစ်ကယ်ပဲရှက်လို့ ဒီကောင်လေးကိုသူမကြည့်ရဲဘူးဖြစ်နေသည်

"အချိုတွေလျှော့စား ကျန်းမာရေးအတွက်မကောင်းဘူး ခများ အချိုကြိုက်လွန်းတယ်"

ဝမ်ရိပေါ် က သူ့အကွက်ထဲဝင်လာတုန်းပြောချင်သည်ကို တရစပ်ပြောချသည် ရှောင်းကျန့် က ခပ်ဟဟရယ်ရင်း သူ့ကိုတံတောင်နဲ့တွတ်သည်

"မင်းအစ်ကိုကြီးငါက အချိုစားချင်လွန်းလို့မဟုတ်ဘူး အချိုဓာတ်လိုအပ်နေလို့"

"......"

"ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုအသိအမှတ်တောင်မပြုတာ ဘယ်လောက်ခံရခက်တယ်မှတ်လဲ"

"ဘယ်မှာ အသိအမှတ်မပြုလို့လဲ"

"ဟမ်"

ရိပေါ် လွှတ်ခနဲပြောထွက်သွားပြီးမှ သူ့စကားသူဘယ်လိုရုတ်သိမ်းရမှန်းမသိတော့
ဒီလူကြီးက ကြောင်ပါးကြီးပဲ

"မဟုတ်ဘူး ထားလိုက်တော့ ဒီမှာခဏထိုင်ဦး"

ရိပေါ် က ရှောင်းကျန့် ကိုဆိုဖာပေါ် ထိုင်စေပြီး သူလည်းခပ်ခွာခွာလေးထိုင်သည် ရှောင်းကျန့် က ရိပေါ်အရိပ်အခြေကိုကြည့်သည် ရိပေါ် မျက်နှာက သူ့ခြေထောက်ဆီမှာ ခေတ္တမျှခိုနားပြီး သူကထိုင်ရာကထပြီး သူ့အခန်းထဲဝင်သွားသည်

ပြန်လာတော့ သူ့လက်ထဲကိုင်လာသည့်အရာလေးကို ရှောင်းကျန့် ဆီကမ်းပေးသည် ရှောင်းကျန့် ယူကြည့်တော့ အဝါရောင်အဆီပုလင်းလေး အနံခံကြည့်ကြည့်တော့ အနည်းငယ် မွှေးတေးတေးဖြစ်နေသည်

ချစ်သူ့အနား[ချစ်သူ့အနား] (Completed)Where stories live. Discover now