(11)

5.3K 512 41
                                    

Zawgi

ရှောင်းကျန့် မရှိသောနေ့ရက်တွေမှာ နေသားကျဖို့ ရိပေါ်အတော်ပင်ကြိုးစားယူရသည် လူတွေဟာတစ်စုံတစ်ယောက်ကိုယ့်ဘဝမှာတိုးလာလျင် မသိသာတတ်ကြပေမယ့် လျော့သွားလျင်တော့ သိပ်ကိုသိသာသည် ရှောင်းကျန့်က ရိပေါ်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုအနေနဲ့ လွှမ်းမိုးခဲ့တယ်ဆိုတာ ခုလိုဝေးနေရချိန်မှာ သိလာရသည်

တော်သေးတာပေါ့ ခများရယ် ခများနဲ့ကျနော်ကဘာမှမဟုတ်ကြသေးလို့ ကျနော်လွမ်းချင်တောင်ဖြေသိမ့်လို့ ရနေနိုင်တာ တကယ်လို့များ ခများဖြစ်ချင်တဲ့အခြေအနေတစ်ခုကိုသာ ကျနော်ခွင့်ပြုခဲ့မယ်ဆိုရင် ခုချိန်ကျနော်ရူးနေရပြီပေါ့

ရှောင်းကျန့်က ရောက်စကဆိုလျင်တစ်နေ့ကို ၁၃ခါလောက်ဖုန်းဆက်သည် ရိပေါ်က ရှောင်းကျန့်နိုင်ငံခြားမှာပညာတော်သင်သွားသည်လား ဖုန်းအော်ပရေတာမှာအလုပ်ရသွားသည်လားပင်မသဲကွဲတော့ နေ့နှင့်ည အချိန်မတူသည်ကိုပင် ညဘက်သံပတ်ပေးကာ တကူးတကထဖုန်းဆက်သည် အိပ်ရေးပျက်မည်စိုး၍ ရိပေါ်က မဆက်ဖို့ပြောပေမယ့် ရှောင်းကျန့်က စကားနာထိုးတာမခံနိုင်၍လွှတ်ထားလိုက်ရသည်

ဖုန်းကိုခါတိုင်းလို့ဘောင်းဘီအိတ်ထဲပင်ထည့်ချိန်မရပဲ လက်နဲ့တောက်လျှောက်ကိုင်ထားရသည်အထိပင် ရိပေါ်တခြားစိတ်မရောက်အောင် သူတချိန်လုံးအနားရှိနေသည်ထင်ရအောင်ပါတဲ့လေ..

နောက်တော့လည်းအကျင့်ရသွားသည်ထင်သည် ရိပေါ်ရဲ့နေ့ဘက် သူ့ရဲ့ညဘက်တွေမှာ တစ်နေ့ ၅ခါသာဆက်တော့သည် ဖုန်းပြောရင်းအိပ်ပျော်သွားသည့် အချိန်တွေလည်း များလာသည်

မရှိတဲ့နှစ်တွေကြာသွားပေမယ့်လည်း ချစ်တယ် ဆိုတဲ့စကားကို တစ်နေ့တစ်ရက်တောင်မပျက်မကွက်ပြောတတ်သူက ရိပေါ်ကို အလစ်အငိုက်ဖမ်းပြီး အဖြေတောင်းဖို့လည်းမမေ့ခဲ့ပါ...

၎နှစ်တာအချိန်ကို ရှောင်းကျန့်က အကောင်းဆုံးကျော်ဖြတ်ခဲ့ပါ၏ ဆုံးဖြတ်ချက်ချပြီးလျင် ပြီးဆုံးအောင် လုပ်ဆောင်တတ်သည့်ထိုလူကြီး၏အကျင့်ကလေးကိုတော့ဖြင့် ရိပေါ် အမှတ်ပေးမိသည် ရှောင်းကျန့်တွင် သူမထင်မှတ်ထားသော အရည်အချင်းတွေအပြည့်ရှိနေသည်ကကြာလေပိုသိလာရလေပဲ

ချစ်သူ့အနား[ချစ်သူ့အနား] (Completed)Where stories live. Discover now