အိပ်ချင်လာတိုင်း လင်းနေတဲ့ ငလူးကောင်ရဲ့ အိပ်ဆောင်ဆီ ကြည့်ကြည့်ပြီး အယုတ္တအနတ္တတွေ ကျိန်ဆဲပစ်လိုက်တယ်၊
ဖြစ်နိုင်ရင် ထိုအိပ်ဆောင်တခုလုံး မီးလောင်တိုက် သွင်းပစ်ချင်လာသလို၊ ထိုအသံပြဲနဲ့အော်ခဲ့တဲ့စားဖိုဆောင်က မိန်းမဝဝ ကြီးကို အာဖြဲချင်တယ်။

" အဟမ်း... အပြစ်သားလေးပါလား၊ အတော်လေးသနားစရာပဲ ကျွတ်ကျွတ်.."

ငိုက်နေတဲ့မျက်လုံးဟာ ငလူးကောင်ရဲ့အသံကြောင့် မကျေမနပ် မော့ကြည့်မိတယ်၊
အိပ်ချင်တာမို့နီရဲနေမဲ့ဆယ်ဟွန်းမျက်ဝန်းတွေရဲ့ ဘီလူးဆန်ဆန်အကြည့်တွေကြောင့်ငလူးကောင်ကအနဲငယ်တွန့်သွားပေမဲ့ ချောင်းတချက်ဟန့်ရင်းပြုံးစစကြည့်တယ်။
ဒင်းကြ သားမွှေးဝတ်ရုံ ဖြူဖြူကြီးခြုံလို့...
နွေးလိုက်မဲ့အမျိုး။

"ကိုယ့်အပြစ်ကို သိပြီလား ၊ နောင်တရရောရလား"

" မသိပါဘူး၊ နောင်တလဲမရပါဘူး၊ ကျွန်တော်မျိုးက တကယ်လမ်းမှာတာပါလို့ဆိုနေ၊ အရှင်မင်းကြီးက ယုံမှ မယုံပဲ"

ဆယ်ဟွန်းကဖင်ပိတ်၊ရှိသမျှအပေါက်အကုန်ပိတ်ငြင်းရင်း
ကက်ကက်လန်အောင်ရန်ပြန်တွေ့တော့ နတ်ဆိုးဆန်ဆန်ရယ်ပြန်တယ်၊။

" ကောင်းပါပြီ ကောင်းပါပြီ နံရံကြီးတောင်ဖောက်ပြီးလမ်းမှားရတဲ့ကြင်ယာတော်လေးက အရင်ဘဝက  ကြွက်သေလို့ဝင်စားတာပဲ မှတ်လိုက်ပါ့မယ်၊
ဆက်ပြီးလမ်းမှားနေမယ်ဆိုရင်တော့ကိုယ်တော်က သဘောထားကြီးကြီးနဲ့ ဟော့ဒီ ဒူး ခေါင်းရင်းကနေ ဖြတ်ပေးပါ့မယ်၊"

ဆယ်ဟွန်း မိမိ ဒူးခေါင်းလေးနှစ်ဖက်ကို အသာလေး လက်နဲ့ဖွက်မိတယ်။
ဒူးခေါင်းအဖြတ်ခံရမဲ့တူတူ ဒင်းရဲ့ အဟွာကိုဒူးနဲ့သေတဲ့ထိတိုက်ပြီးအဖြတ်ခံမယ်။

" ကိုယ်တော်က တော့ ဒီည ကောင်းကောင်းအိပ်ပျော်တော့မှာပဲ၊ ဆောင်းလဲ ဝင်လာပြီမို့ ယန်ဖြောင်းနိုင်ငံက ဆက်သထားတဲ့ သိုးမွှေးဆောင်လေးနဲ့ အိပ်ရတော့မှာဆိုတော့"

ဒီကောင် ကျပ်ရောပြည့်ရဲ့လား...
လာကြွားနေတာများ ။
စောင်မှာသိုးချီးကပ်နေပါစေ။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now