ရှောင်းကျန့်ရဲ့စကားကြောင့်လီဟွာ့မျက်နှာဖြူဖျော့သွားသည်။အမှန်တော့မိဖုရားလွီနန်းဆောင်ကိုဖိတ်တဲ့အကြောင်းကိုလီဟွာကပြောပေးဖို့တာဝန်ယူထားတာ။ဒါပေမယ့်ရှောင်းကျန့်ကိုတော့တမင်သက်သက်ချန်ထားခဲ့ခြင်းဖြစ်သည်။ဒီမနက်မှသာအစေခံကိုသွားပြောခိုင်းပြီးတမင်နောက်ကျအောင်လုပ်လိုက်တာ။

"လီဟွာ...."

မိဖုရားလွီရဲ့ခေါ်သံကြောင့်သူမခန္တာကိုယ်လေးတုန်ယင်သွားရသည်။

"ဟုတ်ကဲ့....မိဖုရားကြီး..."

"အကုန်လုံးကိုမနေ့ကညနေတည်းကပြောခိုင်းလိုက်တာလေ။သူကဘာဖြစ်လို့ဒီမနက်မှသိရတာလဲ"

"ကျွန်တော်မျိုးမအမှားပါ။ကြင်ယာတော်ရှောင်းကိုမနေ့ကပြောဖို့မေ့သွားလို့ပါ။မိဖုရား...ခွင့်လွှတ်ပေးပါ"

"ကောင်းပြီ...ကောင်းပြီ။ထားလိုက်တော့...နောက်မဖြစ်စေနဲ့...ကြင်ယာတော်ရှောင်းလည်းထိုင်‌တော့"

"ကျေးဇူးတင်ပါတယ်....မိဖုရားကြီး"

သူ့နေရာကိုလွီမေအော်ကထိုင်နေတဲ့အတွက်သူကတခြားခုံသပ်သပ်မှာပဲဝင်ထိုင်လိုက်သည်။ဒါကိုမြင်တော့ကျီရွှမ်းရဲ့မျက်ခုံးနှစ်ဖက်ဟာအလိုမကျမှုကြောင့်တွန့်ချိုးသွားရတော့သည်။

"မေအော်....မင်းဘာလို့ငါ့ကြင်ယာတော်ရဲ့နေရာမှာလာထိုင်နေရတာလဲ"

"အကိုကျီရွှမ်းကလည်းမေအော်ကအရင်ရောက်တာလေ။ပြီးတော့မေအော်ဒီနေရာကိုကြိုက်လို့"

ဖယ်ပေးဖို့ထပ်မပြောတော့တဲ့ကျီရွှမ်းကြောင့်မေအော်ပြုံးလိုက်သည်။ဒါပေမယ့်သူမရဲ့အပျော်တွေကကြာရှည်မခံလိုက်။ကျီရွှမ်းကသူမဘေးကနေထသွားပြီးရှောင်းကျန့်ရဲ့တစ်ယောက်ထိုင်နေရာလေးမှာပူးကပ်ပြီးသွားထိုင်လေတယ်။မေအော်သူမရဲ့လက်တွေကိုတင်းတင်းဆုပ်ထားမိတယ်။အဲ့ရုပ်ဆိုးကောင်ကဘယ်လိုမြှူစွယ်ထားလို့ အကိုကျီရွှမ်းကသူမကိုတောင်မမြင်နိုင်ရတာလဲ။သူမဘေးနားမှာတုန်းကကျောက်ရုပ်တစ်ရုပ်လိုထိုင်နေတဲ့ကျီရွှမ်းဟာအခုတော့ပါးချိုင့်တွေပေါ်အောင်ပင်ပြုံးလို့နေတယ်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now