ကပျာကယာနှင့် ငုံ့ပီး ကြည့်မိတော့ သူတို့အိပ်ယာပေါ်က ဖက်လုံးက အောက်တွင်ကျနေခြင်းဖြစ်သည်။

သော်ကတော့လေ... ။
နှုတ်ခမ်းတစ်ချက်ကိုက်လိုက်ကာ ဖက်လုံးကိုကောက်ပြီး အိပ်နေသည့် သော့်ပေါ်ပစ်ချလိုက်သည်။
သော်က သူ့ကိုချော့သိပ်နေသည်များ ထင်မှတ်နေသလား
မသိ။အိခနဲအသံတစ်ချက်ထွက်ကာ ကွေးပြီးပြန်အိပ် ပျော်သွားခဲ့သည်။ဒင်းက ဆင်တက်နင်းနေရင်တောင် သိမည့်ပုံမရှိ။

ဝိုင်ကတော့ ရေမသောက်လို့မရ။အာခေါက်အရမ်းခြောက်နေသည်မို့ အောင်ထပ်ထိဆင်းပြီး ရေသောက်ရန် အခန်းထဲမှ ထွက်ခဲ့လိုက်သည်။အပြင်ရောက်တော့ တစ်အိမ်လုံးမှောင်မည်းနေသည်မှာ ခြောက်ခြားဖွယ်အတိ။စမ်းတစ်ဝါးဝါးနှင့် ဖြည်းဖြည်းချင်း လျှောက်လာခဲ့မိသည်။အိမ်ကြီးက သုံးထပ်အိမ်ကြီး။ဝိုင်တို့နေနေတာ ဒုတိယအထပ်။အိမ်ကြီးထဲတွင် အခန်းပေါင်းများစွာရှိသည်။အရင်က တည်းခိုခန်းများ ဖြစ်ခဲ့ဖူးသလားမသိ။

လှေကားလက်ရန်းကို ကိုင်ကာ ဆင်းလာခဲ့တော့
နောက်ပါးဆီမှ တစ်စုံတစ်ယောက်က ဝိုင့်ကို ရပ်ကြည့်နေသည့်ခံစားချက်ကြီးကို ခံစားလိုက်ရသည်။ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်မှာ အခိုးအငွေ့တွေလို။သေချာပေါက်တော့ ဒီအိမ်ကြီးမှာ မကျွတ်မလွတ်သည့် တစ္ဆေ၊သရဲ တွေရှိနေပါပြီ။ဒါပေမယ့် ထူးဆန်းနေသည်က အဲ့ဒီ့မမြင်အပ်သည့် အရာတွေက ဝိုင့်ကို အကူအညီမတောင်းလေဘူး။အရင်တုန်းကဆို ပေါပေါထောထောဝိုင့်ကို အကူအညီတောင်းကြသည့် သရဲတွေက အခုကြတော့ ဝိုင့်ကို နှင်တောင် လွတ်နေတာမဟုတ်လား။

ဟုတ်သည်။ပြန် ဆိုသည့်စကားနှင့် အခု မက်ခဲ့သည့် အိမ်မက်ကို ပြန်စဉ်းစားကြည့်မိရင် သရဲတွေက ဝိုင်တို့ကို
ဒီအိမ်ကြီးမှာ မနေစေချင်သည့် ပုံပဲ။

ဘာလို့လဲ အဲ့အကြောင်းအရာကိုတော့ ဝိုင်မစဉ်းစားတတ်။ဝိုင်တွေးရင်းတွေးရင်း လျှောက်လာလိုက်တာ နောက်ဆုံး မီးဖိုခန်းရှေ့ရောက်လာတော့သည်။တော်သေးသည် နမော်နမဲ့နှင့် ဖုန်းမီးလေးတောင် မယူလာသည့် ဝိုင်က
အမှောင်ထဲမှာ စမ်းတဝါးဝါးနှင့် မီးဖိုခန်းရှေ့ တော့ ရောက်လာခဲ့ပြီ။

I Can Hear Your Voice (Completed)Where stories live. Discover now