"မရှက်ဘူး...
ထင်ပါစေ...အထင်ခံချင်လို့လေ...""အာ့.....မင်း......ဖယ်စမ်း...ကွာ..."
စိတ်ရှုပ်နေတဲ့ပုံစံလေးဖြစ်လာတာကြောင့်...
လေးက...သူ့ကို...မချင့်မရဲနဲ့လွှတ်လိုက်ရသည်။
သူ့လက်ထဲကဖုန်းလာတဲ့အသံလေးလဲကြားရလို့ပါ။"ဟဲလို...ဦး"
"xxxxx"
"ဟုတ်ကဲ့...လာခဲ့မယ်"
ဦးသျှောင့်ဆီကဖုန်းလေးဝင်လာတာထင်သည်။
ဖုန်းချပြီးတော့မှလမ်းကြောင်းပြောင်းလိုက်တာ...
သူနာပြုတွေရှိတတ်တဲ့အဆောင်လေးဆီကိုပါ။"ဟန်နေ....ဘယ်သွားမလို့လဲ"
"ဘယ်ပဲသွားသွားပေါ့...မင်း...တခြားလုပ်စရာမရှိဘူးလား၊
သိပ်အားနေတာလားဟင်...လေး...""ဟုတ်တယ်...အားနေတာ၊ လိုက်ခဲ့မယ်နော်၊
စီနီယာ့ဆီသွားမှာမလား"သိသွားပြန်ပြီ။
ဟွန့်ကနဲမဲ့ပြီးတော့သူထွက်လာတဲ့အတိုင်း...လေး....ကနောက်ကလိုက်လာခဲ့တာသိပေမယ့်...
ဘာမှမပြောဖြစ်တော့ဘူး။
ခြေလှမ်းတွေကတော့ဆောင့်ဆောင့်အောင့်အောင့်ပဲလှမ်းနေသည်။
လေး'...ကိုသူသိပ်မကြည်ဘူးမို့လို့ပါ။xxxxx
ဒီအချိန်မှာ...ကျောက်စိမ်းကသျှောင့်ဆီသွားမလို့ကိုဖုန်းကဆက်လို့မရဘူး။
မအားဘူးတဲ့...
အဲဒါနဲ့လိုက်ရှာရင်းနဲ့...
သူနာပြုတွေရှိတတ်တဲ့...အခန်းထဲမှာတွေ့ရတာ...
ဦးသျှောင်ကဖုန်းပြောနေခဲ့သည်။
ကျောက်စိမ်း...သူ့အနားရောက်သွားတဲ့အထိသတိမထားမိဘူး။ကျောက်စိမ်းကလဲသတိမပေးလိုက်ဘဲနဲ့နားထောင်နေခဲ့တာ...
ဖုန်းပြောနေရင်းနဲ့...
"ချာတိတ်" လို့အသံကြားလိုက်တာနဲ့...
ကျောက်စိမ်းခေါင်းထဲမှာမီးနီလေးဖြတ်ပြေးသွားသည်။
ငါဖုန်းဆက်တာမအားတာကအဲဒီဆောင်းဟန်နေနဲ့ပြောနေလို့ပေါ့...ဟုတ်လား...
ဘာတွေပြောစရာရှိလို့လဲ...
မနက်လဲတွေ့...ညကျလဲအခန်းထဲမှာတွေ့နေတာကို...ဖုန်းဆက်ဖို့လိုလို့လား...။
အဲဒီလို....မကျေမနပ်ကြီးတွေးမိလိုက်ပြီးတော့...
မျက်နှာလေးချက်ချင်းညှိုးကျသွားသည်။
ဖုန်းပြောနေတာခဏလေးဆိုပေမယ့်...
ချာတိတ်'ဆိုတဲ့စကားလုံးကြောင့်...
ရင်ထဲမှာခဏခဏမိုးအုံ့တတ်တာ...အခုလည်း...တိမ်ညိုတွေစုနေပါပြီ။
ŞİMDİ OKUDUĞUN
Hayran Kurguနှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)