မင်းဟာ အချစ်ဦး မဟုတ်ပေမယ့်.... 26 (Uni+Zaw)

313 45 10
                                    

(Unicode)

အခန်းထဲမှာ ထိုင်နေတဲ့ ရွှယ်ယမ့်အမေ(ရင်းလော့)။ လက်ထဲမှာ ဓါတ်ပုံတစ်ပုံကိုင်ထားတယ်။ သူထိုင်နေတဲ့ အရှေ့က စားပွဲပေါ်မှာတော့ ဓါတ်ပုံအယ်လ်ဘမ်တစ်ခု ဖွင့်လျက်သား.....။ ဓါတ်ပုံကို ကြည့်ပြီး အတွေးတွေက ဟိုးလွန်ခဲ့တဲ့ အနှစ် (၂၀) ဆီ ရောက်ရှိသွားတယ်။

(လွန်ခဲ့သော.... အနှစ် ၂၀)

အနီရောင် သတို့သမီးဝတ်စုံနဲ့ မင်္ဂလာအိပ်ခန်း ကုတင်ထက်မှာ စိတ်လှုပ်ရှားစွာ ထိုင်နေတဲ့ရင်းလော့(ရွှယ်ယမ့်အမေ)။ အသက် ၁၈ နှစ် တက္ကသိုလ်ကျောင်းသူအရွယ်မှာ ချစ်ရသူနဲ့ ရွှေလက်တွဲခွင့်ရခဲ့တယ်။ သတို့သားတစ်ဖြစ်လဲ ခင်ပွန်းဖြစ်လာသူ မာထျန်းနဲ့ ရင်းလော့(ရွှယ်ယမ့်အမေ)တို့က ရင်းလော့အသက် ၁၇ နှစ်မှာ စတွေ့ခဲ့တာ။ အဲ့ဒီအချိန် မာထျန်းက အသက် ၂၀။

မာထျန်းအကြောင်းပြောပြရရင် မာထျန်းမှာ အမွှာအစ်ကိုတစ်ယောက်ရှိတယ်။သူ့နာမည်က မာဝမ်။ မာထျန်းနဲ့မာဝမ် ရုပ်ရော အသံပါအကုန်တူတယ်။ မတူတာ ၂ခုပဲရှိတယ်။ တစ်ခုက မာဝမ့်ရဲ့ရင်ညွန့်မှာ မှဲ့ရှိပြီး မာထျန်းမှာတော့ မှဲ့မပါဘူး။ နောက်တစ်ခုကတော့ မာဝမ်က ပုံမှန်ကောင်လေးတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပေမယ့် မာထျန်းကတော့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး။ မာထျန်းအသက် ၂၀ ရှိပေမယ့် သူ့အသိ ဦးနှောက်က အသက် ၇နှစ်အရွယ်ကလေးသာသာပဲရှိသေးတယ်။ ဒါပေမယ့် အဲ့ဒီလို အမြဲဖြစ်နေတာတော့မဟုတ်။ တစ်နေ့ ၂၄ နာရီမှာ အိပ်ချိန် ၈နာရီလောက်ဖယ်လိုက်ပြီး ကျန်တဲ့အချိန်တွေရဲ့၄ပုံ ၁ပုံသာ သူ့အသက်အရွယ်အတိုင်း စဉ်းစားတွေးခေါ်ပေမယ့် ကျန်၃ပုံကတော့ အသက် ၇နှစ်အရွယ်ကလေးလို ပြုမှုနေထိုင်ခြင်းတွေ ဖြစ်ပေါ်နေတယ်။ မာထျန်းက မာဝမ့်ကို အရမ်းချစ်တယ်။ အဲ့ဒါကြောင့် မာဝမ့်ကျောင်းသွားရင် အမြဲတမ်းလိုက်ပြီး ဖခင်နဲ့အတူ ကျောင်းပို့ကျောင်းကြိုတယ်။ မာထျန်းကိုတော့ ကျောင်းမထားဖို့ သူ့ဖခင်က ဆုံးဖြတ်ခဲ့ကြတယ်။ မာထျန်းတို့အသက် ၄နှစ်မှာ မိခင်ဖြစ်သူက ညီမလေးတစ်ယောက်ကို လူ့လောကထဲပို့ပေးခဲ့ပြီး သူကတော့ နှုတ်ဆက်ထွက်ခွာသွားတယ်။ ညီမလေးနာမည်က ရှင်းရှင်း။

မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... CompletedWhere stories live. Discover now