နဖူးပေါ် နွေးထွေးတဲ့အထိအတွေ့ကျရောက်လာတာကြောင့် ကျွန်တော်အိပ်နေရာက ပြန်နိုးလာတယ်။ ကြင်နာတဲ့အကြည့်လေးနဲ့ ကြည့်နေတဲ့ရှင်းချန်.....။ ဒါပေမယ့် သူ့မျက်လုံးထဲမှာ စိုးရိမ်တဲ့အရိပ်အယောင်တွေ မြင်နေရတယ်။
'အားယမ်.... ထ ဆန်ပြုတ်လေး သောက်ပြီး ဆေးသောက်ရအောင်နော်...'
ရှင်းချန်က စားပွဲက ဆန်ပြုတ်ပန်းကန်လေး ယူပြီး အပူလျော့အောင် မှုတ်ပေးနေတယ်။
ကျွန်တော် ထလိုက်ထိုင်ပြီး ကုတင်မှာ မှီလိုက်တယ်။ ကိုယ်က ဗလာကျင်းဖြစ်နေတယ်။ ရုတ်တရက် ရှင်းချန်က ကျွန်တော့်ရင်ဘတ်ကို စိုက်ကြည့်နေရာက သူ့လက် တစ်ဖြည်းဖြည်းလှမ်းလာတယ်။ ကျွန်တော် လန့်သွားကာ ကျွန်တော့်ရင်ဘတ်အနားမရောက်မှီ သူ့လက်ကို ပုတ်ချလိုက်ပြီး
'ဘာလုပ်တာလဲ'
'ဟို.... မင်း ရင်ဘတ်မှာ ဘာကပ်နေတာလဲ မသိဘူး။ အဲ့ဒါ....'
သူပြောလို့ ကျွန်တော် ငုံ့ကြည့်လိုက်မိတယ်။
'ဘာမှမရှိပါဘူး'
'ရှိပါတယ် အဲ့ အမဲစက်လေး....'
'aww.... အဲ့ဒါက မှဲ့ပါဟ'
'မသိပါဘူး။ အမှိုက်ကပ်နေတယ် ထင်လို့။ ရော့... ဆန်ပြုတ်သောက်မယ်'
ရှင်းချန်က ခပ်ပြီး ကျွန်တော့်ကို ခွံ့တယ်။ ယောင်ရမ်းပြီး ရှင်းချန် ခွံ့ကျွေးတာကို စားလိုက်မိတယ်။ အရသာရှိလိုက်တာ.... ရင်ထဲလည်း နွေးသွားတာပဲ။ ရှင်းချန်ကို မော့ကြည့်လိုက်တော့ နွေးထွေးကြင်နာတဲ့အပြုံးနဲ့ ကျွန်တော့်ကို ပြုံးပြတယ်။
အာ... ချိုမြိန်လိုက်တာ....။ ရှင်းချန်ရဲ့အပြုအစုမှာသာယာမိရင်း... သတိဝင်ကာ
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed