မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်....16 (zaw+uni)

400 56 4
                                    

လေလေးက တစ်ဖြူးဖြူးနဲ့ဆိုတော့ မျက်လုံးလေးကို မှိတ်ထားပြီး သဘာဝလေအနံ့ကို ရှူရှိုက်ရင်း အိပ်ပျော်သွားတယ်....

အိမ်မက်ထဲမှာ.... ကျွန်တော့်ကို တစ်ခုခုလိုက်သတ်နေတယ်။ ကြောက်လန့်တကြားနဲ့ အသက်လုပြေးနေရတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကလည်း မှောင်မဲနေတာပဲ။ ကြောက်လိုက်တာဗျာ..... ကြောက်လန့်တကြားအော်ပြေးနေပေမယ့် ကယ်မယ့်သူတစ်ယောက်မှ မတွေ့။

မှောင်မှောင်မဲမဲ ခြေဦးတည့်ရာ ပြေးရင်း အရှေ့မှာ မီးရောင်လေးတစ်ခုကို တွေ့လိုက်တယ်။ အဲ့ဒီမီးရောင်လေးဆီကို အားကုန်ပြေးရင်း.... ကျွန်တော် လန့်နိုးသွားတယ်။

ကြောက်လန့်ပြီးလန့်နိုးလာပေမယ့် မျက်လုံးအဖွင့်မှာ ရှင်းချန်ကို မြင်လိုက်ရတော့ စိတ်အေးချမ်းသွားသလို ခံစားရတယ်။ စိုးရိမ်တကြီးနဲ့ ကြောက်လန့်နေတဲ့ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ဆွဲပြီးဖက်ကာ ကျောလေးကို သပ်ပေးတယ်။ ပြီးတော့ ကြင်နာတဲ့လေသံလေးနဲ့'ကြောက်နဲ့တော့နေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကြောက်လန့်ပြီးလန့်နိုးလာပေမယ့် မျက်လုံးအဖွင့်မှာ ရှင်းချန်ကို မြင်လိုက်ရတော့ စိတ်အေးချမ်းသွားသလို ခံစားရတယ်။ စိုးရိမ်တကြီးနဲ့ ကြောက်လန့်နေတဲ့ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ဆွဲပြီးဖက်ကာ ကျောလေးကို သပ်ပေးတယ်။ ပြီးတော့ ကြင်နာတဲ့လေသံလေးနဲ့
'ကြောက်နဲ့တော့နော်' တဲ့ဗျာ...။

'ကြည့်စမ်းဦးကွာ...။ တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့။ အက်ႌအရင္လဲ။ တော်ကြာ ချွေးနဲ့ ပြန်ဖျားနေမယ်။ပြီးရင် ခေါက်ဆွဲပြုတ်လေးစားပြီး ဆေးသောက်ရမယ်....'
'အွန်း...'
'အွန်း လုပ်မနေနဲ့။ နေကောင်းသွားမှ မင်းကို ဆူဦ
းမယ်။ အခုတော့ အကြွေးမှတ်'
ရှင်းချန်က ကျွန်တော်ဝတ်ဖို့ အဝတ်တွေကို ဘေးနားချပြီး
'လဲဝတ်လိုက်။ အစာစားပြီး ဆေးလည်း သောက်လိုက်ဦး။ ကိုယ်လက် သွားသန့်စင်လိုက်ဦးမယ်'
ရှင်းချန် ထွက်သွားတယ်။

ကျွန်တော်လည်း အဝတ်တွေ လဲဝတ်ပြီး ခေါက်ဆွဲကို စားလိုက်တယ်။ စားကောင်းလိုက်တာ... ရှင်းချန် ဝယ်လာတာထင်တယ်။ မနက်က ဆန်ပြုတ်ကတော့ သူတပည့် လုပ်ပေးတာဖြစ်မယ်။ စားကောင်းလို့ အားရပါးရစားလိုက်တာ ၁ ပန်းကန်လုံးပြောင်ပါလေရော....

မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... CompletedWhere stories live. Discover now