မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်....12 (zaw+uni)

460 66 4
                                    


ရုံးအလုပ်တွေ လက်စသတ်ပြီး ပြန်လာခဲ့တယ်။ အပြင်မှာ မိုးတွေက ရွာနေပြီး ကားကို ကိုယ်တိုင်မောင်းလာတာမို့ လမ်းတစ်လျှောက် သတိထား မောင်းလာခဲ့တယ်။ လမ်းမ တစ်နေရာအရောက် လူတစ်ယောက်က ကားရှေ့ကို ပြေးဝင်လာတယ်။ တော်သေးတယ်ဗျာ.... ဖြေးဖြေးလေးမောင်းလာပြီး ဘရိတ်အုပ်မြန်လို့သာပေါ့။ နို့မို့ဆို မတွေးရဲ။

ထိမိသွားလားဆိုပြီး ကြည့်ဖို့ ကားပေါ်က ဆင်းလာခဲ့တယ်။
အဲ့လူက ကားရှေ့မှာ ထိုင်ပြီး ကျုံ့ကျုံ့လေး ငိုနေပါလား။

'အဆင်ပြေရဲ့လား ခင်ဗျ'

ထိုသူက မော့ကြည့်တယ်။

ထိုသူက မော့ကြည့်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဟမ်.... pikachu လေး.....

သူ့ကို ထပ်တွေ့ချင်ခဲ့တာ။ တွေ့မယ်တွေ့တော့ ဒီလိုပုံစံမျိုး လာတွေ့ပါလား။ လောကကြီးရယ်.... ဒီကောင်လေးကို ကယ်တင်ပေးလိုက်လို့ ကျေးဇူးတင်ပါတယ်ဗျာ.... သူ့ကိုသာတိုက်မိရင် ကျွန်တော်..... ကျွန်တော်......😢💔
ဒါနဲ့ သူလေးငိုနေတာ အရမ်း လန့်သွားတယ် ထင်တယ်။ ကောင်လေးရာ..... မင်းကို လန့်ပြီးငိုအောင်လုပ်မိလို့ ကိုယ်တကယ် စိတ်မကောင်းဘူး။😞

ကောင်လေးက မော့ကြည့်ပြီး မေ့လဲသွားလေရဲ့။
aww.... အသည်းငယ်လိုက်တာ ကောင်လေးရယ်။
ကောင်လေးကို ပွေ့ချီပြီး ကားပေါ်နောက်ခန်းထဲမှာ ထည့်လိုက်တယ်။ ကောင်လေးမှာ ပျော့ဖက်နေပါလား။ ဘယ်လောက်တောင် လန့်သွားပါလိမ့်။ ရှင်းချန်ကားကို အိမ်ဆီသို့သာ တန်းမောင်းလာခဲ့တယ်။ အိမ်ရောက်မှာ ရှင်းချန်ရဲ့ကိုယ်ပိုင်ဆရာဝန် ဒေါက်တာဝမ်ကို လာကြည့်ခိုင်းရမယ်။ အမှန်က ကောင်လေးကို ဆေးရုံမှာထက် အနားမှာထားချင်မိတယ်။ စိတ်မချဘူးလေ...။

မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... CompletedWhere stories live. Discover now