မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... 14 (zaw+uni)

418 57 2
                                    

ရှင်းချန် ကားမောင်းနေပေမယ့် စိတ်က အားယမ်ဆီမှာသာ ကျန်နေခဲ့ပုံပဲ။ သက်ပြင်းကိုသာ အခါခါချနေမိတယ်။ ဖြစ်နိုင်ရင် companyကိုတောင် မသွားချင်ဘူး။ အခုက ကိုယ့်ဘာသာလျှာရှည်ပြီး ဟိုကလေး အားယမ်ရဲ့သူငယ်ချင်းကို ခေါ်လိုက်တဲ့ကိစ္စ။ အဲ့တုန်းကတော့ အားယမ်ကို ထပ်မြင်ရလို့ ရငှာပေါ့။ အခုတော့ ကလေးငယ်က အိမ်ပေါ်တောင်ရောက်နေပြီ။ ကိစ္စကို မြန်မြန်ဖြတ်ပြီး ပြန်မှ။

ရှင်းချန်ကားလေး company အောက်ထိုးရပ်လိုက်ပြီး အဝက အစောင့်ဆီသော့ပစ်ပေးလိုက်တယ်။ ရုံခန်းထဲရောက်အောင် အမြန်ဆုံးတက်သွားတယ်။ အခန်းထဲရောက်တော့ မမမေက ရောက်နေတယ်။

ရှင်းချန်ကားလေး company အောက်ထိုးရပ်လိုက်ပြီး အဝက အစောင့်ဆီသော့ပစ်ပေးလိုက်တယ်။ ရုံခန်းထဲရောက်အောင် အမြန်ဆုံးတက်သွားတယ်။ အခန်းထဲရောက်တော့ မမမေက ရောက်နေတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှင်းချန် - မမမေ ... ဟိုကောင်လေးရော

မမမေ - ၂ လွှာက ဧည့်ခန်းမှာ။ ရှင်းချန် အဲ့ကိစ္စ ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့် အဲ့ကောင်လေးကို ခေါ်လိုက်တာလဲ။

ရှင်းချန် - ဒီလိုလေ... ကျွန်တော်တို့ company မှာ ပင်တိုင်မော်ဒယ်မရှိသေးဘူးလေ။ အဲ့ဒါ စုန့်လျန်ကို ထားမလားလို့။

မမမေ - အဲ့ဒါ မမမေတို့နဲ့လည်း မတိုင်ပင်ဘူးနော်။

ရှင်းချန် - လွတ်သွားမှာစိုးလို့ အလျင်စလို လုပ်လိုက်တာပါ။ စိတ်မဆိုးပါနဲ့နော်။ အားလုံးကို လကုန်အစည်းအဝေးမှာ ပြောပြမယ်လေဗျာ။

မမမေ - ဟုတ်ပါပြီ။ ရှင်းချန်ကလည်း ဘာမှလှမ်းမပြောပြထားတော့ အခု ကောင်လေးကိုတော့ စောင့်ခိုင်းထားတယ်။

ရှင်းချန် - သူနဲ့သွားတွေ့မယ်လေ။ စာချုပ်ကတော့ ကျွန်တော်လုပ်ထားပြီးသား။

ရှင်းချန် စားပွဲအံဆွဲထဲက စာချုပ်ကို ထုတ်လိုက်ပြီ။ မမမေနှင့်အတူ ၂လွှာက ဧည့်ခန်းဆီ ဆင်းလာခဲ့တယ်။

မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... CompletedWhere stories live. Discover now