မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်......3 (zaw+uni)

769 69 2
                                    

ဘဝမှာ နွေးထွေးတဲ့မေတ္တာတရားဆိုတာ ခင်ဗျားနဲ့မှ ခံစားဖူးခဲ့တာပါ။ 😌😌

မကြည့်ပေမယ့် စုန့်လျန်ဆိုတာ သိတာပေါ့။ ကျွန်တော့်ကို ယမ်ယမ်ခေါက်ဆွဲခြောက်လို့ ခေါ်
တာ သူတစ်ယောက်ပဲ ရှိတယ်။

စုန့်လျန့်က ကျွန်တော့်ထက် ၁လပဲ ကြီးပေမယ့် အရပ်ကတော့ ခေါင်းတစ်လုံးစာ ပိုရှည်နေတယ်။အသားဖြူဖြူနဲ့ ခင်ဗျားက ရှပ်အဖြူလေးကို လက်ခေါက်တင် ဝတ်ထားတော့ မဟားတရား ခန့်ချောလွန်းပါတယ်ဗျာ....။ ဒီလို ခန့်ချောတဲ့ကောင်လေးက တက္ကသိုလ်မှာ King ဖြစ်သင့်ပါတယ်လေ..။

စုန့်လျန် - ရော့ မင်းအတွက်။

ဖွင့်မကြည့်ဘဲ ဘာတွေလည်းဆိုတာ ကျွန်တော်သိတယ်။ စုန့်လျန်ကျောင်းကပြန်လာတိုင်းဆို ချောကလတ်၊သကြားလုံး၊ ပန်းတွေ အမြဲပါလာတယ်။ မရတဲ့နေ့ကို မရှိတာ။ ကောင်မလေးတွေ ပေးတာတဲ့။ သူအချိုမကြိုက်ဘူးဆိုပြီး ကျွန်တော့်ကို အကုန်ပေးတယ်။ ကျွန်တော်က အချိုကြိုက်တော့ စုန့်လျန်ပေးသမျှ အကုန်စားပစ်တယ်။ အခုလည်း လက်နဲ့နှိုက်ပြီး ပါလာတဲ့သကြားလုံးလေးကို ဖောက်စားလိုက်တယ်။ ကျွန်တော့်ကို ကြည့်နေတဲ့ စုန့်လျန်ကို အိတ်ထဲက နောက်ထပ် သကြားလုံးတစ်လုံးယူပြီး စားပါဦး ပုံစံနဲ့ကျွေးတယ်။ အား... ကျွန်တော်မေ့သွားတယ် သူမှ အချိုမကြိုက်တာ။ သကြားလုံးကို အိတ်ထဲပြန်ထည့်မယ်အလုပ် ကျွန်တော့် လက်ကို လှမ်းဆွဲပြီး

စုန့်လျန် - ခွာကျွေးပါ။

တဲ့ဆိုပြီး ကလေးတစ်ယောက်လို နှုတ်ခမ်းကြီး စူပြီး ပူဆာတယ်။

'မင်း အချိုမကြိုက်ဘူး မဟုတ်လား။

လို့မေးလိုက်တော့

'မင်းလေး ကျွေးရင်တော့ အချိုမကြိုက်လည်း စားမယ်' တဲ့။
ဒင်းလေး ဘာဖြစ်လာတာပါလိမ့်။ ကျွန်တော် သကြားလုံးလေးကို ခွာပြီး ကမ်းတော့ ပါးစပ်လေး ဟပေးတယ်။ သကြားလုံးလေးကို ပါးစပ်ထဲထည့်ပေးတော့ စုန့်လျန်ရဲ့နှုတ်ခမ်းလေးကို လက်နဲ့ထိမိသွားတာ ကျွန်တော့်တစ်ကိုယ်လုံး ကျဉ်တက်သွားတယ်။

' လိမ္မာတဲ့ ယမ်ယမ်လေး' ဆိုပြီး ကျွန်တော့်ခေါင်းကို ပွတ်သွားတယ်။

မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... CompletedWhere stories live. Discover now