" အခုလဲ ပုဆိုးကြီး တကားကားကို မ မပြီးသွားနေတဲ့ မင်းပုံနဲ့တင် တော်တော်ကိုရယ်နေရပါပြီ "

ရယ်ပြုံးနေရင်း သူ့ကို ပုဆိုးပြင်၀တ်ပေးနေတဲ့ ကိုကို ။

သူတစ်မနက်ထဲတင် ဘယ်နှစ်ခါမှန်းမသိ ကိုကို့ကို ပြင်ပေးခိုင်းနေတာ ။

ဒါဝောာင် သူ့ကို လုံး၀ မငြိုငြင် ။

သဘောတကျနဲ့ ပြုံးရယ်နေတဲ့ကိုကို ။

ကိုကိုလဲ တောင်ပြေး မြောက်ပြေးနဲ့ပင်ပန်းနေရှာမှာ။

သံဃာက နှစ်ဆယ်ကျော်လောက်ရှိမယ်နဲ့ တူတယ် ။

ဟင်းထမင်း ထည့်ပေးတာကလည်း အမျိုးသားတွေနဲ့မှ ပိုသင့်တော်တာမလား။

မမနဲ့ သူ့သူငယ်ချင်းတွေက ကူပေးနေပေမဲ့
ကိုကိုကပဲ ဟိုသွားသည်သွားနဲ့ ။

သူကိုယ်တိုင်ကျတော့လည်း ဆယ်လှမ်းလောက်ပင်မလျှောက်ရသေး။
ပုဆိုးက ချောင်ကြလာပြန်တာမို့ ။

မောနေပုံ နည်းနည်းလေးတောင် မပေါက်တဲ့ကိုကိုက မျက်နှာထက် အရယ်အပြုံးမပျက်။

" ရပြီ .. "

ပုဆိုး၀တ်ပေးပြီး ကိုကိုနဲ့ မျက်နှာချင်းဆိုင်မိတဲ့ခဏ။

နေရောင် ဖျဖျထိုးကျနေတဲ့ ကိုကို့မျက်နှာ။
နားထင်နားက ဆံဖျားအဆုံး အနည်းငယ်စိုစွတ်စွတ် ဖြစ်ချင်နေတဲ့ ချွေးစတွေ ။

ငယ် သူ့လက်နားကအကျီစအဖျားနှင့်နှင့် ကိုကို့နားထင်နားက ချွေးစတို့ကို လှမ်းသုတ်ပေးမိသည် ။

" ပင်ပန်းလားဟင် .. "

..

" ဟင့်အင်း ၊ပျော်တယ် "

ခေါင်းကို အသာခါရမ်းရင်း ဆိုသောကိုကို။

" ခေါင်းငုံ့ .. "

သူ့ရှေ့က လူကြီးက ပြုံးရယ်ရင်း ခါးကို ကိုင်းညွှတ်ကာ ခေါင်းငုံ့ပေးသည်။

ကိုကို့ နဖူးက သူ့မျက်၀န်းနား ။

ခါးကုန်းပေးထားတာတောင် သူက ကိုကိုထက်အရပ်ပုနေသေးတာ။

ငယ်က ခြေဖျားမြှောက်ရင်း ကိုကို့နားထင်ဘေးနား ဖြတ်ကနဲ နမ်းလိုက်သည်။

ချစ်ရပါသောကလေးငယ် (Uni + Zaw)(Completed )Where stories live. Discover now