part.33

2.1K 197 21
                                    

" ကိုကို ၊ကိုကို .. "

မီးဖိုချောင်ရှေ့က ဖြတ်သွားတဲ့ သွေးခန့်
ကြားလောက်ရုံအသံလေးနဲ့ ငယ်ကသူ့ကို
ခေါ်နေတာ။

လက်နှစ်ဖက်က သူ့ပုဆိုးကြီးသူ မကိုင်ထားလို့။

ခါးနားက အရင်းရော အောက်က အဖြားရော စုပုံမထားတာ။

ခြေသလုံးဖြူဖြူတွေပေါ်သည်အထိ ပုဆိုးကိုမကိုင်ပြီး ခေါင်းတရမ်းရမ်းဖြစ်နေတဲ့ငယ်က ‌ယုန်ပေါက်စလို။

ဒီနေ့ အိမ်မှာ ဆွမ်းကပ်ကြတာ။
ပြဿနာက ဒီကစတာ။

Dad နဲ့ Mom က ငယ်နဲ့သူ အစစအရာရာ အဆင်ပြေဖို့ ဆွမ်းကပ်အလှူလုပ်ပေးတာ။
ဒါက သပ်သပ် ခေါင်းစဉ်တပ်ရုံ။

ရှင်းရှင်းပြောရရင် သူနဲ့ ငယ့်အတွက် မဂ်လာ‌ဆွမ်းကျွေး။
ဘယ်ကတည်းက ငယ့်ကို သားတော်ချင်နေမှန်းမသိတဲ့ မားက ချက်ချင်းကို စီစဉ်တော့တာ။

ဒါလည်းကောင်းတာပဲလေ။

ပွဲတခမ်းတနားကြီး ကြီးကြီးကျယ်ကျယ် မကျင်းပလိုတဲ့ ငယ်အလိုကျ ကုသိုလ်ကောင်းမှု အလုပ်ကိုပဲ သူတို့ရွေးချယ်ဖြစ်ခဲ့ကြတာ။

‌ကာတွန်းဘောင်းဘီအတိုနဲ့ ဆွမ်းကပ်တဲ့နား ထမင်းတွေ ဟင်းတွေ လာလာထည့်နေတဲ့ငယ့်ကို ဘုန်းဘုန်းက ဘယ်က ကလေးလဲ လို့ မေးရာကစတာပဲ။

သွေးခန့် အမျိုးသားလို့ မားကဖြေတော့ ငယ်က ထရယ်ပါလေရော။

ဆွမ်းဘုန်းပေးနေတဲ့ ဘုန်းဘုန်းကပါ ပြုံးစိစိ ဖြစ်သွားသေးတယ် ။

တရားနာခါနီးမှ ဘောင်းဘီတိုနဲ့ ငယ့်ကို မားက ပုဆိုးသွားလဲ ခိုင်းပါလေရော။

ပုဆိုး၀တ်လေ့၀တ်ထမရှိတဲ့ငယ် ။

သွေးခန့် ပုဆိုးကြီး ၀တ်ပြီး တိုင်ပတ်နေတာ။

အခုလဲ သူ့ကို အသံပေးပြီးခေါ်နေတာက ပုဆိုးပြင်၀တ်ပေးခိုင်းမို့။

သွေးခန့်ကိုယ်တိုင်လဲ လူကြီးကို ယူမိတာပဲလား ကလေးကို ယူမိတာပဲလား
သဲကို မသဲကွဲတော့တာ။

" ငယ်ရာ ၊ခါးပတ်‌ပတ်ပေးပါ့မယ်ဆိုတာကိုကွာ "

" ဟာဗျာ ၊ကိုကိုကလဲ ၊ခါးပတ်ကြီးနဲ့ ဆိုတော့ ကျနော့်ကို မားတို့က ပုဆိုးမ၀တ်တတ်ဘူးဆိုပြီး ရယ်ကြမှာပေါ့ ဗျ  "

ချစ်ရပါသောကလေးငယ် (Uni + Zaw)(Completed )Where stories live. Discover now