part.20

3.1K 367 40
                                    

ချစ်ရသူနဲ့ အတူရှိနေတဲ့ အခိုက်အတန့်တွေဟာ ဘယ်လိုမျိုးလဲ ။

အထီးကျန်ရတိုင်းသောက်တတ်တဲ့ ကော်ဖီခါးခါးတွေမလိုဘူး။

ပျင်းတိပျင်း‌‌ရောအချိန်တွေမှာ ထိုင်ဖတ်နေတတ်တဲ့ စာအုပ်ထူထူတွေ မရှိလည်း ဖြစ်တယ်။

Schedule တွေရှုပ်နေတဲ့နေ့တွေမှာ ချစ်ရသူမျက်နှာလေးတစ်ခါတွေ့ရဖို့ အပြေးအလွှားအချိန်လုနေရခြင်းမျိုးလည်းမဟုတ်သလို

ငယ့်အသံ‌လေးကြားပြီးမှ အိပ်စက်ချင်တဲ့ ညလိုမျိုးတွေ မဟုတ်ပြန်ဘူး။

ချစ်ရသူ ငယ်နဲ့ အတူရှိတဲ့ အခိုက်အတန့်တွေက အခုလိုမျိုး မနက်ခင်း ကို ဆိုလိုတာ။

မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်မိတဲ့ အမြင်အာရုံထဲ အပြည့်နေရာယူတဲ့ ငယ့်ပုံရိပ်တွေ။

အိပ်မောကျနေတဲ့ငယ်ဟာ အရာရာထက်လှတယ်။

ရင်ထဲစွဲနေအောင်မှတ်မိနေလဲ ငယ့်ရဲ့သည်ပုံရိပ်တွေကဘယ်တော့မဆို အကြည့်မခွာချင်အောင် ဆွဲဆောင်နိုင်တယ်။

ဖြူနုနုလက်ချောင်းသွယ်သွယ်တွေက သူ့လက်ခုပ်ကြား။

သွေးရောင်သန်းနေတဲ့ လက်ညှိုးထိပ်တွေကိုငုံ့နမ်းမိတယ် ။

ချစ်ခြင်းတရားက ဒီလိုမျိုး။

ငယ်မျက်နှာမြင်ပြီး နိုးထခွင့်ရတဲ့ နံနက်ခင်းဟာ ပြည့်စုံလွန်းတာမျိုး။

အိပ်မောကျနေတဲ့ ပိစိငယ်ဟာ ပါးဖောင်းဖောင်းတွေ လှုပ်စိလှုပ်စိနဲ့။

ဒါနဲ့ပဲ သွေးခန့်မယ် မဆီမဆိုင် ငယ့် နဖူးကို ငုံ့နမ်းမိပြန်ရော။

ဒီလိုပါပဲ ။

ငယ်တစ်ချက်လှုပ်တာနဲ့ သူက တစ်စတိုးချစ်မိတာမျိုး။

ဘာမှတော့ မဆိုင်ဘူး။

မဆိုင်ပေမဲ့ လည်း ပိုင်ချင်တယ်။

မနက်ခင်းတိုင်းကို ငယ်နဲ့အတူ
နေ၀င်ချိန်တိုင်းကိုလည်း ငယ်နဲ့အတူ
နေ့ရက်တိုင်းရော ... အချိန်တိုင်းရော..

ဒါမှ မလုံလောက်သေးရင် အိမ်မက်ထဲအထိ ငယ်တစ်‌ယောက်ကိုတော့ အပိုင်သိမ်းထားချင်တယ်။

ချစ်ရပါသောကလေးငယ် (Uni + Zaw)(Completed )Where stories live. Discover now