part.12

4.5K 397 29
                                    

" ok..cut "

" သွေးခန့် ၊good job ,အရိပ်ရောပဲ
နှစ်ယောက်လုံး သိပ်တော်တယ် "

sence တစ်ခုကို အများဆုံး နှစ်ခါသုံးခါလောက်ပဲ ရိုက်နေရတာမို့ ။
ကျန်နေ့များနဲ့ ယှဉ်လျှင် သူတို့ skills တွေ ပိုတက်လာတာ။

" Yeah.."

နှစ်ယောက်သား ပြိုင်တူရွတ်ရင်း
လက်သီးချင်းအသာ တိုက်ချမိသည် ။

ဟဲ ဟဲ ...အောင်မြင်တာဆိုသော သဘောမျိုးနှင့်။

အနားယူရာ ထိုင်ခုံနား တစ်ယောက်‌တစ်နေရာစီ ၀င်ထိုင်မိတော့ ထိုင်လျှင်ထိုင်ချင်း အရိပ်က မျက်ခုံးပင့်ပြသည်။

" ဘာလဲ.."

" အယ် ၊မနေ့က အခြေအနေဘယ်လိုလဲ "

မနေ့က ဆိုသော စကားကြားတာနဲ့တင် ကော့တက်လာတဲ့ သွေးခန့် နှုတ်ခမ်းတွေ။

" ဟိ ဟိ..."

" ပြောပြဆို ။ငယ်က စားတယ်မလား ။ကောင်းတယ်တဲ့လား ။ဘာဆက်ဖြစ်ကြသေးလဲ "

" ဘာမှ ဆက်မဖြစ်ပါဘူးဟာ ။
ငါက ကိုယ်တိုင်လုပ်ထားတာလို့ပြောလိုက်တာ။ငယ်ကလဲ ကြိုက်ပါတယ် "

" ဒါပဲလား ။အဲ့ဒါ အကုန်ပဲလား "

" အရိပ် "

" အေးပါဟယ် "

" ငယ်က ချောကလက်ထဲက ပထမဆုံးတစ်ခုကို ငါ့ကို ခွံ့ကျွေးတာ "

" 🙄 နင်ကအဲ့လောက်နဲ့တင်ကျေနပ်လိုက်တယ်ပေါ့ "

" အင်း "

" အားမရတာ ။အားမရလိုက်တာ "

အရိပ်က အံ့ကြိတ်ရင်းဆိုတော့ သူ့မယ်ရယ်မိပြန်သည် ။

သူ့ဘက် အရိပ်ရှိနေတာမို့ အတော်တော့ အင်အားဖြစ်သည်ပင် ။

" 1.2.3.  action "

ပြောလက်စရပ်ပြီး ရိုက်ကွင်းဆီ အာရုံပြန်ရောက်မိသွားသည် ။

" ကလေး ကလဲ ဒါဆို ကိုယ့်ကို
ချစ်တယ်ပေါ့ "

" ဟုတ် "

ခေါင်းလေးငုံ့ပြီး ရှက်ပြုံးနှင့်ဆိုနေသောငယ်။

ရိုက်ကွင်းနေရာက လေနဲနဲတိုက်နေတာမို့
ငယ့် ဆံပင် လုံးလုံးလေးတွေက တစ်ချက်တစ်ချက် ထလွင့်နေတာကို သူလှမ်းမြင်နေရတာ ။

ချစ်ရပါသောကလေးငယ် (Uni + Zaw)(Completed )Where stories live. Discover now