part.2

9.3K 578 12
                                    

၊ကိုခန့် ၊ကို ခန့်ရေ ......ထတော့လေဗျာ၊

ဒုန်း ၊ဒုန်း....။

တံခါးကို တဒုန်းဒုန်း ထုရိုက်ရင်း အာဗြဲနှင့် အော်နေသံကြောင့် သွေးခန့် အိပ်ရာမှ နိုးလာသည် ။

Baby Baas ၊ကလေးငယ် ။တကယ်ဆို ဖုန်းဆက်လိုက်ရင်ရနေသည်ကို သူဘာကြောင့် လက်အနာခံ အားကုန်ခံကာ
သည်လိုနှိုးနေရပါသနည်း ။

၊သည်ကလေးတော့ လက်နာတော့မှာပဲ ။

ခပ်တိုးတိုး သည်းရင်း တံခါးကို ဖွင့်လိုက်သည် ။

အိပ်မှုန်စုတ်ဖွားနှင့် ဖြစ်နေတာတောင်မှ ကိုခန့် မျက်နှာကြီးက ကြည့်ကောင်းနေတုန်း။

၊ငယ်ရာ ။မင်းတော့ လက်နာတော့ မှာပဲ ။
ဒီတိုင်း ဖုန်းဆက်နှိုးလဲရနေတာပဲကို။ ဘာလို့ တံခါးကို ထုရိုက်နေရတာလဲ။

သူ့လက်ကို အသာအယာဆုပ်ကိုင်ရင်း
ရေရွတ်နေသော ကိုခန့်က သူ့ကိုတကယ်စိတ်ပူပန်နေသယောင် ။

ဒီလူကြီးကတော့ ။အမြဲတမ်း သူ့ဆို ပိုကို ပိုလွန်းသည်ပင်။ Baas ကိုယ်တိုင်ကလည်း ကိုခန့်က သူ့ကို ညှာလွန်းတာသိတာကြောင့်မို့ ကိုခန့်ရှေ့ဆိုပိုဆိုးချင်သည်ပင်။

၊ပြောမရဆိုမရနဲ့ ။သူလုပ်ချင်တာပဲ လုပ်တတ်တယ် ။ငယ် ၊မင်း နော် ။နောက်ဆို အဲ့လို မလုပ်နဲ့ ကြားလား ။ခု ဒီမယ် လက်က နီနေပြီ တွေ့လား ။

သူ့လက်သီးဆုပ်ကို ဖွဖွ ဖိနှိပ်ပေးရင်း ပွစိပွစိပြောနေသော ကိုခန့်က အိပ်မှုန်စုတ်ဖွားဖြစ်နေတာတောင် ခန့်ခန့်ညားညားနဲ့ ကြည့်လို့ကောင်းနေတုန်း ။

ယောက်ျားပီသသော မျက်နှာကျနှင့် ခပ်ညိုညိုမျက်၀န်းတို့က ကိုခန့်ကို ပျိုမေတို့ အသည်းစွဲဖြစ်စေခဲ့တာပင် ။

၊ခင်ဗျား မျက်ခွက်ကြီးကလဲ အချိန်ပြည့်ကြည့်ကောင်းနေတာပဲ ၊ဖယ်ဗျာ ။
D ၀င်တယ် ။

ရုတ်တရက် ငယ်က သူ့မျက်နှာကို တွန်းဖယ်ရင်း ကုတင်ပေါ် သွားတက်ထိုင်တော့ သွေးခန့် ရယ်မိရပြန်သည်။

ငယ်လေးက အမြဲလိုလို သူ့ရုပ်ရည်က cute type မို့စိတ်ကုန်သည်တဲ့လေ။ ဒီလောက်ချစ်ဖို့ကောင်းနေတာကို ။
သူ့လို ခန့်ခန့်ညားညားကြီးမှ ဖြစ်ချင်သည်တဲ့လေ။

ချစ်ရပါသောကလေးငယ် (Uni + Zaw)(Completed )Where stories live. Discover now