extra.∆

2.3K 163 2
                                    

ရာသီတွေအလီလီ

နှစ်တွေ လတွေ ပြောင်းလည်းသွားလည်း
ငယ်နဲ့ သူကြား ချစ်ခြင်းတရားကတည်မြဲနေခဲ့တယ် ။

သံယောဇဉ်တွေ ၊အားကိုးမှုတွေ ၊ယုံကြည်မှုတွေက ပိုပိုတိုးလို့ ချည်နှောင်လာတယ်။

ခက်ခဲမယ်လို့ ထင်ခဲ့တဲ့အရာတွေက

ငယ်နဲ့အတူ..
မိသားစုနဲ့အတူဆိုတော့

ထင်သလောက် ၀န်မပိခဲ့ဘူး။

ကိုယ်တိုင် မတတ်နိုင်တဲ့ သူတို့နှစ်ဦးမှာ
Surrogacy နဲ့ပဲ သားလေးတစ်ယောက် ရအောင်ကြိုးစားခဲ့ကြတယ်။

သားငယ်က သူ့ထက် ငယ့်ကိုပိုချစ်တယ်။

မွေးပြီးပြီးချင်း သူပထမဆုံးမြင်တွေ့ရတဲ့သူမို့ထင်လင့် ။

တခြားသူတွေထက်ငယ့်ကိုပဲ ပိုတွယ်တာတတ်တာ။

သဲသဲလှုပ်တဲ့ ငယ်ကလဲ အကဲပိုပို။
သူ့သားက အပြုံးချိုချိုနဲ့ ။

တနေ့‌တနေ့ တီတီတာတာစကားတွေနဲ့ သူတို့အိမ်က သိပ်ကိုပျော်ဖို့ကောင်းတယ် ။

အလုပ်သွားဖို့အကျီလဲရင်း စဉ်းစားနေမိတဲ့ သွေးခန့် ။

ငယ်က အခန်းထဲ ၀င်လာပြီး သူ့အကျီမှာ
necktie လာချည်ပေးတယ်။

ဂရုတစိုက် ပြုမူပေးနေတဲ့ ထိုကောင်လေး။
သူ့မြင်ကွင်းထဲ ငယ်က ဘယ်တုန်းကမှ မပြောင်းလဲ သွားခဲ့ဘူးဘူး။

အခုလဲ ဂရုတစိုက်။

မျက်၀န်း ညိုညိုလေး ၊ပါးလုံးလုံးလေး ၊

နှုတ်ခမ်းဖူးဖူးလေးတွေက အရင်တုန်းကလိုပဲ။

လမ်းလျှောက်တတ်စသားလေးကို ထိန်းရတာ ပင်ပန်းတဲ့ အလုပ်မှန်း သူသိတယ်။

ငယ့်မျက်နှာလေးက အနည်းငယ် ချောင်ကျသွာသလို။

" ငယ် .. "

" ဗျ .. "

" ငယ့်ကို ချစ်တယ်နော် ၊

နေ့တိုင်းမပြောဖြစ်လဲ ဒီအရာက ထာ၀ရ မပြောင်းလဲဘဲ ရှိနေမှာ "

ကလေးနဲ့ နပမ်းလုံးနေရတာနဲ့တင် သူနဲ့ငယ်နဲ့အရင်ကလို ချစ်ကြောင်းတွေပြောပြီး ကြည်နူးနေကြဖို့ အချိန်ကို မရကြတော့တာ။

ချစ်ရပါသောကလေးငယ် (Uni + Zaw)(Completed )Where stories live. Discover now