အပိုင်း ၁၈

1.6K 193 39
                                    

Zawgyi

နန်းလျာမင်းသားရဲ့စံအိမ်တော်နဲ့ အတန်ငယ်ဝေးကွာတဲ့အရပ်မှာ ဆိတ်ငြိမ်အေးချမ်းတဲ့ဝတ်ပြုဘုရားကျောင်းတခုရှိတယ်...
ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ဒူးထောက်ရင်း မျက်လုံးအစုံကိုမှိတ်လျက် ငြိမ်သက်စွာ ဝတ်ပြုနေသော Byun Baekhyunကို ခပ်လှမ်းလှမ်း ဝတ်ပြုရာခုံတန်းလျားမှာထိုင်ရင်း Sehun စောင့်ဆိုင်းနေရသည်...

မချစ်မနှစ်သက်သူ၏ရင်ခွင်ကိုနားခိုရင်း
ချစ်ခင်စုံမက်မိသူအား တောင့်တနေမိသော ကိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟု ထင်မှတ်မိသောကြောင့် ကျွန်တော် ကိုယ်တိုင် ဘုရားသခင်ထံသို့ အပြစ်တွေ ဝန်ခံ တောင်းပန်ချင်လာမိသည်...
Wu Yifan၏သက်ဆိုင်သူအဖြစ်လည်း Wu Yifanအပေါ် သစ္စာဖောက်မိသလိုခံစားရသည်..
ချစ်ရသူOh Sehunအတွက်လည်း သူ့အချစ်နှင့်မထိုက်တန်ရလောက်အောင်တာဝန်မကျေသလိုခံစားရသည်....တူညီသောအချစ်တြွေပန်ပေးမိလျှင် ညီမျှတဲ့အပြစ်တွေက တန်ပြန်သက်ရောက်လာမည်မို့... ဖောက်ပြန်သောယောကျာ်းတယောက်လည်းမဖြစ်ချင်....ဘဝမှာတကြိမ်တခါမျှမေတ္တာသက်ဝင်မိသောသူကိုလည်း လူသားဆန်ဆန်ချစ်ပေးချင်မိသောစိတ်တို့ကြောင့် ရှင်သန်နေတဲ့နေ့စဉ်နေ့တိုင်း စိတ်ထဲ ပူလောင်နေရသည်ချည်းပင်....

ပို၍ဆိုးသည်က ယခုလို ဘုရားသခင်ထံ အပြစ်တို့ကိုဝန်ချတောင်းပန်နေသည့်အချိန်မှာ မသိစိတ်က ချစ်ရသူနှင့်ပေါင်းဖက်ခွင့်လေးအား ဆု​တောင်းချင်နေမိသေးသည်...
နေ့တိုင်းနေ့တိုင်း ဆုတောင်း၍ တနေ့မှာ Oh Sehunဆိုသောအမျိုးသားနှင့် တရက်တာမျှ အရှုပ်အရှင်းကင်းစွာ ပေါင်းဖက်နိုင်မည်ဆိုပါက ကျွန်တော် နေ့စဉ်နေ့တိုင်း ဝတ်ပြုဆုတောင်းနေမိမှာပင်.....

အတိတ်ကံကမည်မျှဆိုးခဲ့သည်မသိ...
မိမိကလည်း မချစ်ခင်..
မိမိကိုလည်း မစုံမက်သော အမျိုးသား၏ကြင်ရာဖက်အဖြစ်ရပ်တည်နေရရုံမက ချစ်မြတ်နိုးမိသူအား အဝေးမှာထားကာ မျှော်ကြည့်နေရသောဘဝမှာ ရှင်သန်နေရသေးသည်....
အတိတ်ကံအပြစ်တို့ကို ဒီဘဝနှင့်ပင် အဆုံးသတ်ချင်မိပါသည်....

Byun Baekhyun ဝတ်ပြုနေသည်မှာ တစ်နာရီကျော်မျှကြာမြင့်နေပြီဖြစ်တာကြောင့် Sehun ဒီအမျိုးသားလေးကိုငေးကြည့်နေရင်း စိတ်မကောင်းဖြစ်မိသည်....အချိန်ကြာကြာ ဒူးထောက်နေသောကြောင့် ဒူးခေါင်းလေးတွေ နာကျင်နေမှာလည်း စိုးမိသည်...
သူ့ရင်ထဲကအပူတွေကို ခံစားမိတာကြောင့် တခဏတော့ ငြိမ်းချမ်းစေချင်မိသည်....

You've reached the end of published parts.

⏰ Last updated: May 15, 2020 ⏰

Add this story to your Library to get notified about new parts!

ROYAL?UNIVERSE Where stories live. Discover now