နက်ပြာရောင်ပိုးသားညဝတ်အင်္ကျီကိုဝတ်ဆင်ထားသောမင်းသားWuဟာ ကျွန်တော့်ဘေးမှာ ငြိမ်းချမ်းစွာလဲလျောင်းအိပ်စက်နေလျက်ရှိသည်။ ဘယ်တုန်းကမှ သူ့မျက်နှာကိုစေ့စေ့မကြည့်ခဲ့တဲ့ကျွန်တော်..ယနေ့မနက်ခင်းမိုးသောက်ချိန်မှာတော့ သူ့မျက်နှာကြင်အင်လက္ခဏာကိုသေချာဖတ်ရှုမိသည်။
ယောကျာ်းပီသစွာခံ့ညားခြင်းနှင့်ပြေပျစ်လှသောမျက်နှာဖွဲ့စည်းပုံအစုစု....။
မိန်းမတိုင်းခြေတော်ဖျားဝပ်ဆင်းရမယ့်သြဇာလွှမ်းမိုးခြင်းတွေနဲ့မျက်နှာထားပိုင်ရှင်က ဤမျှထိ ရက်စက်ယုတ်မာနိုင်သည်ဆိုသောအမှန်တရားက လက်မခံချင်လောက်အောင်ပဲ ။
သွေးအေးအေးနှင့်ရက်စက်သည်။နွေးထွေးသောအပြုံးနှင့်ယုတ်မာလှည့်စားသည်။ယခုတွင်လည်း သူ၏ချစ်ရသူအား မည်သို့မည်ပုံ စီရင်လိုက်သည်မပြောတတ်။လေအဝှေ့မှာ လွင့်ပျောက်သွားတဲ့ ပြာမှုန့်လေးတွေသကဲ့သို့ပဲ အိမ်ရှေ့စံမင်းသားWu Yifanရဲ့စံအိမ်တော်မှာ Park Chanyeolဆိုသူ မျက်မမြင်ကောင်လေးပျောက်ခြင်းမလှပျောက်ကွယ်သွားတော့တာပဲ ။
တခါတလေတော့လည်း ကျွန်တော်သူ့အား အံ့သြမိသည်မှာအခါခါ......။
တိုင်းပြည်ကိုအုပ်စိုးမယ့်မင်းလောင်းတပါးအနေနဲ့ ကိုယ့်နှလုံးသားကိုယ်ပြန်သတ်ရလောက်တဲ့အထိ မိုက်မဲရလေသလား.......
တခါတလေများ အမျက်ရှခြင်းကိုမျက်ကွယ်ပြုပြီး အရဲစွန့်ကာမေးကြည့်ချင်တယ်....Park Chanyeolကို နာကျင်စေတိုင်း ခင်ဗျားရင်မနာဘူးလားလို့လေ....ကျွန်တော်သူ့ကိုငေးကြည့်နေမိစဉ်မှာပဲ အိပ်ရာထက်လူးလွန့်ရင်း နိုးထလာတဲ့ မင်းသားWu ။
ကျွန်တော့်ကိုမြင်တော့ မနက်ခင်းနေရောင်ခြည်ထက်မလျော့တဲ့အပြုံးနွေးနွေးတွေနဲ့ နှုတ်ဆက်ပြန်တယ်။"Byun....နိုးနေတာ ကြာပြီလား "
"မကြာသေးပါဘူး...Fan "
သူက အိပ်ရာထက်က မထသေးပဲ အနားမှာ ထိုင်နေတဲ့ကျွန်တော့်အား ခါးမှဆွဲယူကာ သူ့နံဘေး လဲလျောင်းစေတယ်။ ထို့နောက်ကျွန်တော့်ကိုယ်ပေါ်မှ အုပ်မိုးရင်းမေးစေ့ကိုလက်တဖက်ဖြင့်ထိန်းကိုင်ရင်း ကျွန်တော့်နှုတ်ခမ်းပါးတွေအနီးသို့ တဖြေးဖြေးချင်း တိုးကပ်လာတဲ့ Wu Yifanရဲ့ ချယ်ရီသွေးနှောနှုတ်ခမ်းသားတွေ ...