အပိုင္​း ၉

2.4K 433 60
                                    

ယ​နေ့တွင်​တော့ Fanရဲ့​တောင်းဆိုမှုအရ အခမ်းအနားပွဲတခုအား ကြင်​ရာ​တော်​အ​နေဖြင့်​တက်​ရောက်​ချီးမြှင့်​ပေးရမည်​။

အိမ်​ရှေ့စံမင်းသားရဲ့ကြင်​ရာ​တော်​အ​နေနဲ့ ပရဟိတလုပ်​ငန်းများများလုပ်​ပေး​လေ​တော်​ဝင်​မိသားစုရဲ့ဂုဏ်​တက်​လေဟု Fanက​ပြောသည်​။
ပြီး​တော့​ရွေး​ကောက်​ပွဲဝင်​မယ့်​Daddyအတွက်​လည်း မျက်​နှာပန်းလှပြီး ပြည်​သူ​တွေက ပိုပြီးအ​ကောင်းမြင်​လာလိမ့်​မယ်​တဲ့ ။

ဒီလ်ိုအကျိုး​မျှော်​ကိုးပြီး အလှူအတန်းလုပ်​ရတဲ့အဖြစ်​တော့ ကျွန်​တော်​က မနှစ်​သက်​ပါဘူး ။ စိတ်​ဆန္ဒရှိလ်ုိ့​အေး​အေးချမ်းချမ်းပဲ လူမသိသူမသိ သွားလှူချင်​တာ ။ အခု​တော့ သတင်းသမား​တွေရဲ့ကင်​မရာမီးတဖျပ်​ဖျပ်​ကြား အပူရုပ်​ကိုဟန်​ဆောင်​ပြုံးပြီး ကြင်​နာသနားတတ်​ချင်​ယောင်​ဆောင်​ပြရ​ပေဦးမယ်​။

​တော်​ဝင်​မိသားစုဝင်​တဦးဖြစ်​သည်​နှင့်​အညီ ကျက်​သ​ရေရှိ​သောပိုးထည်​ကုတ်​အင်္ကျီရှည်​အား ဝတ်ဆင်​ပြီး တန်​ဖိုးကြီးနာရီတခုသာ ဝတ်​ခဲ့လိုက်​သည်​။ ပတ္တမြားနီလာအဆင်​တန်​ဆာ​တွေ ရှုပ်​ယှက်​ခတ်​နေ​အောင်​ဝတ်​ဆင်​မထားပဲ ကျွန်​တော့်​လက်​ချောင်းသွယ်​သွယ်​မှာ Fanနဲ့ထိမ်းမြားစဉ်​ကဝတ်​ခွင့်​ရ​သော​တော်​ဝင်​ရတနာ ပတ္တမြားလက်​စွပ်​တကွင်းသာလျှင်​ရှိသည်​။

နာရီကိုကြည့်​လိုက်​တော့ အခမ်းအနားကိုသွားရမယ့်​အချိန်​တောင်​နီး​နေပြီ ။ သက်​တော်​စောင့်​Oh Sehun က လာ​ရောက်​အ​ကြောင်းမကြား​သေးတာမို့ ကျွန်​တော်​ကိုယ့်​ဘာသာကိုယ်​ပဲ အိမ်​အောက်​ထပ်​သို့ဆင်းလာလိုက်​တယ်​။

ထမင်းစား​ဆောင်​ဘက်​သို့ထွက်​လာရင်း Park Chanyeolရဲ့ အ​ခြေအ​နေကိုလည်း အကဲခတ်​လေ့လာရဦးမည်​။ Fan ကို စိတ်​ဆိုးလွန်းလို့သာ မဆိုင်​တဲ့သူကို ပြဿနာတွင်းထဲဆွဲ​ခေါ်ခဲ့မိတာ ။ ဒီမျက်​မမြင်​ကောင်​လေးအတွက်​ကျွန်​တော်​တကယ်​စိတ်​မ​ကောင်းဘူး ။ အိမ်​တော်​ထိန်းကြီးကိုလည်း မှာထားရဦးမယ်​။ အဲ့ဒီ​ကောင်​လေးကို အလုပ်​သိပ်​မခိုင်း​စေဖို့။

ROYAL?UNIVERSE Where stories live. Discover now