"ကြင်ရာတော်Byun ..ဒီစံအိမ်မှာ နှင်းဆီပန်းစိုက်ခွင့်မရှိပါဘူး..."
လောလောလတ်လတ်ကျွန်တော်ကိုယ်တိုင်နှင်းဆီခြံကနေသေချာမှာပြီး စိုက်ပျိုးနေသည်ကို လာရောက်ဟန့်တားသူက Ohမျိုးနွယ်။
စိုက်လက်စနှင်းဆီပန်းအိုးကိုအသာထားရင်း ကျွန်တော်သူ့ကို မျက်မှောင်ကြုံ့ကာ ကြည့်မိတယ်။"ဘာလို့လဲ ? ဒါမျိုးတော်၀င်မျိုးနွယ်စည်းကမ်းတွေထဲ ကြားကိုမကြားဖူးဘူး "
"ကုန်ကုန်ပြောရရင်မင်းသားWuရဲ့စံအိမ်ထဲမှာ ဆူးပါတဲ့အပင်မှန်သမျှ စိုက်ခွင့်မရှိပါဘူး ..ဒါတားမြစ်ချက်ပါ..မင်းသားWuရဲ့ကြင်ရာတော်ဖြစ်နေပေမယ့်ဖောက်ဖျက်လို့မရပါဘူး "
"စိုက်ပြီးသားတွေကိုတော့ ဆွဲမနှုတ်ပါနဲ့...ထားလိုက်ပါတော့..Fanပြန်လာမှ ငါကြည့်ပြောလိုက်မယ်"
ပြောမရတဲ့အဆုံး ခြံဝန်းထဲက နှင်းဆီပန်းရုံလေးသကဲ့သ်ုိ့ ကျွန်တော်ဖန်တီးထားသောနေရာလေးအား ထားရစ်ကာ အိမ်တော်ထဲပြန်၀င်လာရပြန်သည်။ ဒီစ်ိတ်ခံစားမှုကြီးမကြိုက်ပါဘူး ။ အရာရာတိုင်း တားမြစ်ခံနေရတာပဲ ။ရေခဲမုန့်စားဖို့ပြင်နေတုန်း လက်ထဲကဆွဲလုခံလိုက်ရသလို ခံစားချက်ကြီး....မုန်းတယ်။
**********
"Fan....."
ညနေခင်း မင်းသားWuနှင့်အတူ ခြံဝန်းထဲဆင်းကာ လမ်းလျှောက်ထွက်ခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်ရဲ့အနောက်မှာတော့ Ohမျိုးနွယ်ကနေ့နေ့ညညအရိပ်လိုအမြဲရှိနေပါသည်။
"Fan....ကျွန်တော်ပြောစရာရှိတယ်"
မနက်က နှင်းဆီပန်းကိစ္စပြောပြရမည်အတွေးနှင့်အနောက်ကOhမျိုးနွယ်ကို တချက်လှည့်ကြည့်မိသည်။ သူကတော့ အမြဲတမ်း အရယ်အပြုံးမရှိသောမျက်နှာထားနှင့်ပင်။
"ဒီခြံထဲမှာ နှင်းဆီ ..."
ခွမ်း*
တစုံတခုကွဲကျသံနှင့်အတူ ညည်းညူသံသဲ့သဲ့ကြားလိုက်ရသဖြင့်ကျွန်တော်ပြောနေသည့်စကားစပြတ်သွားပြီး အသံကြားရာနေရာသို့ ကျွန်တော်တို့အားလုံး လှည့်ကြည့်လိုက်မိသည်။
အသံလာရာနေရာက စံအိမ်ခြံဝန်းတွင်းမှ ငါးကန်ငယ်ဆီမှ ။