ဘယ်လောက်ကြာမှန်းမသိပေမဲ့
ဒီအတိုင်းလေးပဲ သူရပ်ကြည့်နေခဲ့မိသည်။

အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ
အရမ်းကို ကြည့်ကောင်းနေခဲ့တာမို့..... ။

ခဏအကြာမှာတော့
စာရင်းအကုန်ပြီးသွားပုံရတဲ့Jiminတစ်ယောက်
ခေါင်းမော့လာရင်း ပတ်ဝန်းကျင် ကို
သတိထားမိတော့သည်။

အပေါက်ဝမှာ တိတ်တဆိတ်ရပ်နေသောသူကို
မြင်လိုက်တဲ့ ခဏမှာ
ရုတ်တရက် အံ့သြသွားပုံရတဲ့ကောင်လေး....

ပါးစပ်လေးဝိုင်းသွားပုံ က တစ်ကယ့်ချစ်စရာလေး...

**Yoongi!!**

အသံကျယ်ကျယ်နှင့်အော်ခေါ်ရင်း
မျက်လုံးလေးတွေအလုံးစုံမှိတ်ကျသွားတဲ့အထိပြုံးသည်။

ဒီကောင်လေးရဲ့ အပြုံးလေးတစ်ချက်နဲ့တင်
ခြောက်နာရီနီးပါး ကားမောင်းလာရတဲ့ပင်ပန်းမှု
အကုန်ပျောက်ကွယ်သည်။

သိပ်မကြာလိုက်
သူ့ရင်ခွင်ထဲ ပစ်ဝင်လာတဲ့ ခေါင်းလုံးလုံးလေး.... ။

မျက်နှာလေးကို ဆွဲမော့ရင်း
နဖူးပြင်ကို ငြင်သာစွာ အနမ်းခြွေတော့
ရှက်နေတဲ့ ကောင်ကလေးဆီက
တခစ်ခစ်ရယ်သံထွက်လာသည်။

**ဘယ်တုန်းကရောက်တာလဲ **

**ခုပဲ. မင်းကိုတန်းပြီးလာကြိုတာလေ.... ညနေစာရော စားပြီးပြီလား**

**ဟင့်အင်း.. စာရင်းတွေမပြတ်သေးလို့**

**ခုပြီးပြီလား**

**အင်း ပြီးပြီ **

**အာ့ဆို သွားမယ် Sejin hyung ကိုနှုတ်ဆက်ခဲ့ .. ညနေစာအရင်လိုက်ကျွေးမယ်**

**ဟုတ်**

.....

....

ညနေစာ ကို နှစ်ယောက်သား
Jimin စားချင်နေတဲ့ ငါးရှဥ့် ကင်သွားစားကြသည်။

ချစ်သူဖြစ်ဖြစ်.. သူငယ်ချင်းဖြစ်ဖြစ်..
သူတို့နှစ်ယောက်အတွက်ကတော့
သိပ်ပြီး ကွာခြားသည်မဟုတ်..

Yoongi ကလည်း အရင်တိုင်းပဲ
ဂရုစိုက်နေကျအတိုင်း ဂရုစိုက်ပေးနေဆဲ

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Donde viven las historias. Descúbrelo ahora