___________________________

"ကိုယ်ခွင့်မပြုနိုင်ဘူး...ရှောင်းကျန့်"

ကျီရွှမ်းသူ့ရှေ့မှာတည်ငြိမ်စွာရပ်နေတဲ့ရှောင်းကျန့်ကို ကြည့်လိုက်တယ်။ရှောင်းကျန့်ဟာအဘိုးအိုနဲ့အတူ ဖေးဟွားဆောင်ကြာမြိုင်မှာသွားစုံစမ်းမယ်တဲ့။သူဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ။ဒီလူသားကိုအဲ့လိုနေရာမျိုးကိုလွှတ်ရမှာသူစိတ်မချနိုင်ပါ။

"အရှင့်သား..."

"ကောင်းပြီ။တကယ်လို့မင်းသွားချင်တယ်ဆိုရင်ကိုယ်လည်းလိုက်မယ်"

"မဖြစ်ဘူး....အရှင့်သား။နောက်ရက်ပိုင်းလောက်ဆိုရင်ကိုယ်ရံတော်ရွေးချယ်ပွဲကိုကျင်းပတော့မှာ။အဲ့ပွဲပြီးတာနဲ့ အရှင့်သားတို့ရဲ့ပြိုင်ပွဲလာတော့မှာပါ။ဒါကြောင့်အရှင့်သားအခုရက်ပိုင်းမှာကြိုးစားလေ့ကျင့်ဖို့လိုပါတယ်"

"ဒါပေမယ့်....ကိုယ်မင်းကိုစိတ်မချဘူး"

ထိုစကားကိုပြောပြီးတာနဲ့ ကျီရွှမ်းရဲ့မျက်နှာဟာရှက်ရွံ့မှုကြောင့်နီရဲလာရတယ်။ကိုယ့်ကြင်ယာတော်ကိုစိတ်မချဘူးဆိုတာပုံမှန်ပဲမဟုတ်လား။ကျီရွှမ်းရဲ့ထိုပုံစံကိုကြည့်ပြီးရှောင်းကျန့်ဟာအသာအယာလေးပြုံးလိုက်တယ်။

"အရှင့်သား...မေ့နေပြီလား။ကျွန်တော်ကယောက်ျားလေးပါ။ပြီးတော့ကျွန်တော်ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ်။ဒါကြောင့်အရှင့်သားစိတ်ချပါ။ကျွန်တော့်ကိုယ်ကျွန်တော်အထိခိုက်ခံမှာမဟုတ်ပါဘူး"

"ဒါပေမယ့်...."

ကျီရွှမ်းဟာသူ့ကိုတောင်းဆိုသလိုကြည့်နေတဲ့မျက်ဝန်းလေးတွေကြောင့်ခွင့်မပြုဘူးဆိုတာကိုမပြောနိုင်တော့ဘူး။ဘယ်သူမဆိုဒီလိုမျက်ဝန်းလေးတွေနဲ့အကြည့်ခံရရင်ဒီလူသားလေးတောင်းဆိုသမျှလိုက်လျောပေးချင်ကြမှာအမှန်ပဲ။ကျီရွှမ်းဟာသက်ပြင်းတစ်ချက်ကိုချလိုက်ရင်း....

"ကောင်းပြီ။ကိုယ်ခွင့်ပြုတယ်"

____________________________

ယွီပင်းအတင်းဆွဲခေါ်လာတာကြောင့်ဝမ်ရိပေါ်ဟာ ဖေးဟွားဆောင်ကြာမြိုင်ကိုရောက်နေရတယ်။ဘာတဲ့..."မင်းနန်းတော်ထဲဝင်ရရင်ဒီလိုနေရာကိုလာဖို့အချိန်မရှိဘူး။အချိန်ရတုန်းပျော်သွား" ဆိုပြီးဆွဲခေါ်လာတာပဲ။ဘေးနားကမိန်းမလှလေးတွေကြောင့်အရင်တုန်းကဝမ်ရိပေါ်ဆိုရင်ကျိန်းသေပျော်မိမှာဆိုပေမယ့်အခုဝမ်ရိပေါ်ကတော့ဘယ်လိုမှကိုခံစားလို့မရဘူး။အခုချိန်မှာသူခံစားလို့ရတာသူ့နတ်သားလေးပဲရှိတယ်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now