"ဟုတ်ကဲ့...ကျွန်တော်ကယောက်ျားလေးပါ။ဒါကြောင့်ကျွန်တော်ကောင်းကောင်းပြောနေတုန်းကျွန်တော့်နန်းဆောင်ကနေထွက်သွားပေးပါ။မဟုတ်ရင်ကျွန်တော်ဘာလုပ်မိမလဲမသိနိုင်တာမို့"

"ရွံဖို့ကောင်းလိုက်တာ...ယောက်ျားတစ်ယောက်ဖြစ်ပြီးမိန်းကလေးတစ်ယောက်ကိုအနိုင်ကျင့်နေတယ်"

"မိန်းကလေးလည်းလူပဲ....ယောက်ျားလေးလည်းလူပဲ။ထင်သလိုရိုင်းစိုင်းနေပြီး မိန်းကလေးဆိုတာနဲ့ပဲခွင့်လွှတ်လိုက်ရမှာလား"

"နင်...."

"မင်းကငါ့နန်းဆောင်ထဲကိုခွင့်မတောင်းဘဲဝင်လာတယ်။ပြီးတော့အော်ကြီးဟစ်ကျယ်လုပ်တယ်။အဲ့လိုလူတစ်ယောက်ကိုကျွန်တော်ကကြိုဆိုရမှာလား"

"နင်....အောက်တန်းစားကောင်..."

ထိုမိန်းကလေးကရှောင်းကျန့်ကိုပြောလို့မနိုင်မှန်းသိသည်နှင့်ကျီရွှမ်းကိုငိုယိုပြီးစစ်ကူတောင်းတော့သည်။

"အကိုကျီရွှမ်း...ညီမကလေအကို့ကိုတွေ့ချင်စောနဲ့ခွင့်မတောင်းမိတာပါ။အကိုတို့အိပ်နေတယ်လို့ညီမမသိလိုက်လို့ပါ"

"တောင်းပန်လိုက်...."

"ဟင်...."

"ငါကိုယ်တော်ရဲ့ကြင်ယာတော်ကိုတောင်းပန်လိုက်....မေအော်"

ကျီရွှမ်းရဲ့စကားကြောင့် လွီမေအော် လက်သီးကိုတင်းတင်းဆုပ်မိလိုက်သည်။သူမလိုမိရားလွီရဲ့တူမကဒီလိုအောက်တန်းစားကောင်ကိုတောင်းပန်ရမယ်တဲ့လား။

"မေအော်....အမှားလုပ်တာကမင်းလေ။အမှားကိုလုပ်ရဲရင်ဝန်ခံရဲရမယ်။တောင်းပန်ရဲရမယ်။

ကျီရွှမ်းရဲ့စကားကြောင့်သူမစိတ်မပါသော်လည်းတောင်းပန်လိုက်သည်။ကျီရွှမ်းရဲ့မျက်လုံးထဲမှာသူမကိုအကောင်းပဲမြင်စေချင်သည်။ဒါ့ကြောင့်တောင်းပန်လိုက်တာ။ရှောင်းကျန့်ပြောလိုက်တဲ့စကားကြောင့်သူမရဲ့ဒေါသတို့နောက်တစ်ကြိမ်ထွက်လာရပြန်သည်။

"အခုအချိန်တောင်းပန်ရင်လည်းစိတ်ထဲကမပါတာပဲထွက်လာမှာ။ဒါ့ကြောင့်အချိန်ဖြုန်းမနေဘဲကျွန်တော့်နန်းဆောင်ထဲကသာထွက်သွားပေးပါ"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now