Extra

5.9K 549 20
                                    

ညဥ့်နက်အချိန် Taehyung ဆီမှ ဖုန်းဝင်လာသောကြောင့် Jimin သက်ပြင်းချမိသည်

"Jungkookie hyung ဘာတွေလုပ်ပြန်ပြီလဲ?"

ဖုန်းဝင်လာပြီဆိုကတည်းက ညအိပ်ဝတ်စုံကိုလဲပြီး ရှပ်အင်္ကျီနှင့်ဂျင်းဘောင်းဘီကို အဆင်သင့်ဝတ်ထားပြီးဖြစ်သည်

"Jiminie..."

Taehyung ဆီမှ တုန့်ဆိုင်းနေသောအဖြေကြောင့် Jimin စိတ်ရှုပ်စွာ ဆံပင်တွေကို ဆွဲဖွနေတော့သည်

"TaeTae hyung! သူ့ကိုပျောက်သွားတာလား?" Jimin ရဲ့ ထိတ်လန့်စွာမေးမြန်းမှုအပေါ် Taehyung ကတော့ ခေါင်းခါစွာငြင်းဆိုလေသည်

" မဟုတ်ဘူး! သူကငါနဲ့အတူရှိပါတယ်ကွ ဒါပေမဲ့... အခုbarထဲကတိုင်ကြီးကို မင်းအထင်နဲ့ ဖက်နေလို့။ ငါဖယ်ဖို့ကြိုးစားပေမဲ့ မလွှတ်ဘူးကြီးပဲပြောနေတယ် လူတွေကလည်း ဝိုင်းကြည့်နေကြပြီ ပါးစပ်ကနေလည်း Jiminie Jiminie လို့တောက်လျှောက် ပြောနေတာ"

" ၁၀ မိနစ်အတွင်းကျွန်တော်လာခဲ့မယ်။ Jimin ပြန်ဖြေကာ Jin ဆီဖုန်းဆက်ပြီး bar ရှိတဲ့နေရာကို လိုက်ပို့ဖို့ တောင်းဆိုရသည်

Jungkook အရက်သွားသောက်တိုင်း ဒီလိုမျိုးဖြစ်သည်မှာ ပထမဆုံးအကြိမ်လည်းမဟုတ်တော့ ခဏခဏဖြစ်တတ်သည်

Taehyung ကိုစိတ်ချ၍ထည့်ပေးလိုက်ပေမဲ့ နှစ်ယောက်သည် အမြဲတမ်းတစ်ခုမဟုတ်တစ်ခုလုပ်ပြီးမှသာ ပြန်လာလေ့ရှိသည်

ကြောင်ကလေးသည် အရက်သောက်စားရတာကို ဝါသနာမပါပေ ထို့ကြောင့်လည်း အရက်ဆိုင်သွားမည်ဆိုလျှင် မလိုက်ဘဲ အိမ်မှာကျန်နေခဲ့သည့်အချိန်ကများသည်

Jin ရဲ့ကားပေါ်တွင် လိုက်ပါလာတုန်း ညနေက အကြောင်းကိုစဉ်းစားမိသွားသည်

"ဒီတစ်ကြိမ် နောက်ဆုံးပါ Jimin ရာ!" Taehyung နဲ့အတူ အရက်ဆိုင်သွားချင်သဖြင့် Jimin ဆီမှ ခွင့်တောင်းနေသော Jungkook

"မသွားလို့မရဘူးလား Jungkookie hyung ရဲ့"

"လုပ်ပါကွာနော် Taetae hyung က ဝယ်တိုက်မယ်ပြောနေတာကို Jimin လည်း လိုက်ခဲ့လို့ရတာပဲလေကွာ နော် နော်..."

အမြဲတည်း တည်ငြိမ်နေတတ်သော Jungkookie hyung သည် သူ့အပေါ်လည်း ချွဲတတ်သေးသည်

Your Calico CatWhere stories live. Discover now